လန်ဒန်   နိုဝင်ဘာ   ၃

ဗြိတိန်နိုင်ငံ၏ အကြီးဆုံးအတိုက်ခံပါတီဖြစ်သည့် ကွန်ဆာဗေးတစ်ပါတီက ကီမီဘေဒင်နော့ချ်ကို ပါတီခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့သည်။

၎င်းသည် ဗြိတိန်နိုင်ငံ၏ အဓိကနိုင်ငံရေးပါတီကြီးကို ဦးဆောင်မည့် ပထမဆုံး လူမည်းအမျိုးသမီး ဖြစ်သည်။ ယခင်ဝန်ကြီးချုပ်ဟောင်း ရစ်ရှီဆူနက်၏နေရာတွင် ဆက်ခံမည့် ပါတီခေါင်းဆောင်သစ် ကို မဲပေးရွေးချယ်ခဲ့ပြီးနောက် ရလဒ်ကို နိုဝင်ဘာ ၂ ရက်က ကြေညာခဲ့သည်။ စီးပွားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဟောင်းဖြစ်သူ ကီမီဘေဒင်နော့ချ်သည် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဟောင်း ကို အနိုင်ယူနိုင်ခဲ့သည်။ ပါတီနှင့်နိုင်ငံတော်အတွက် ထိုက်တန်သည့် စတင်မှုအသစ်များပေးရန် အချိန်ကျရောက်ပြီဖြစ်ကြောင်း ၎င်းက ပြောသည်။

ကွန်ဆာဗေးတစ်ပါတီသည် ဇူလိုင်လအတွင်းက ရွေးကောက်ပွဲတွင် အကြီးအကျယ်ရှုံးနိမ့်ခဲ့ပြီး ၁၄ နှစ်အတွင်း ပထမဆုံးအကြိမ် အာဏာမှ ဖယ်ခွာခဲ့ရသည်။ အသက် ၄၄ နှစ်ရှိပြီဖြစ်သော ကီမီ ဘေဒင်နော့ချ်သည် ဗြိတိန်နိုင်ငံ၌ နိုင်ဂျီးရီးယားမိဘနှစ်ပါးမှမွေးဖွားလာသူဖြစ်ပြီး အသက် ၁၆ နှစ် မတိုင်မီအထိ နိုင်ဂျီးရီးယားနိုင်ငံ၌ပင် ကြီးပြင်းခဲ့သည်။ ၎င်း၏လက်ယာယိမ်းသဘောထားနှင့် ရွှေ့ပြောင်းနေထိုင်သူများကို လက်ခံရာတွင် သတိထားလုပ်ဆောင်သည့် သဘောထားများကြောင့် လူသိများကျော်ကြားသည်။

ဝန်ကြီးချုပ် ကီရာစတာမားကလည်း ၎င်းကို ဂုဏ်ယူကြောင်း ပြောကြားခဲ့သည်။ ဗြိတိန်ပြည်သူ လူထု၏ အကျိုးစီးပွားအတွက် အတူတကွလက်တွဲလုပ်ဆောင်ရန် မျှော်လင့်ကြောင်း ဗြိတိန် ဝန်ကြီးချုပ်က ပြောသည်။

အင်န်အိတ်ချ်ကေ