ဗလာဒီဗော့စတော့ နိုဝင်ဘာ ၃
တရုတ်ယဉ်ကျေးမှုမြှင့်တင်ရေး အခမ်းအနားကို ရုရှားနိုင်ငံ ဗလာဒီဗော့စတော့မြို့၌ နိုဝင်ဘာ ၂ ရက် က ကျင်းပရာ တရုတ်ယဉ်ကျေးမှု မြတ်နိုးသူများ၊ ကျောင်းသားများနှင့် ဒေသခံများ တက်ရောက် ကြကြောင်း ဆင်ဟွာသတင်းအရ သိရသည်။
အဆိုပါအခမ်းအနားသည် တရုတ်-ရုရှား သံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက် နှစ်ပတ်လည် နေ့နှင့် တရုတ်-ရုရှား ယဉ်ကျေးမှုနှစ်ကို ဂုဏ်ပြုရန်အတွက် ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ် များ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ရုရှားနိုင်ငံဆိုင်ရာ တရုတ်ကောင်စစ်ဝန်ချုပ် ပီယိုယန်ဖန်းက ပြောကြားသည်။
ထို့ပြင် တရုတ်-ရုရှားနှစ်နိုင်ငံအကြား ယဉ်ကျေးမှုမြှင့်တင်ရေးဆိုင်ရာ အလားအလာများ တိုးတက်စေပြီး နှစ်နိုင်ငံပြည်သူများအကြား ကူးလူးဆက်ဆံမှု ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
အဆိုပါအခမ်းအနားသည် နှစ်နိုင်ငံပြည်သူများအကြား နှစ်ပေါင်းများစွာတည်ရှိလာသည့် ချစ်ကြည် ရင်းနှီးမှုကို မြှင့်တင်ပေးမည်ဖြစ်ကြောင်း ဗလာဒီဗော့စတော့ ဒုတိယမြို့တော် ဝန်ဒါရီယာ စတက် နေးက ပြောကြားသည်။
အခမ်းအနားတွင် တရုတ်လူမျိုးစုများအကြောင်း တင်ဆက်ခြင်း၊ ရိုးရာယဉ်ကျေးမှုအကများ၊ လက်ဖက်ရည်ပွဲများ၊ စာလုံးအလှများရေးဆွဲခြင်း၊ ဆေးရောင်ခြယ်ခြင်းနှင့် အလှစက္ကူဖြတ်ခြင်း တို့ကို ပြသခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ