မင်းဘူး နိုဝင်ဘာ ၈

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်မှ မြေပဲစိုက်တောင်သူများ ဝယ်လိုအားကောင်းပြီး မြေပဲဆံနှင့် မြေပီဆီဈေးနှုန်းများ မြင့်တက်လာသောကြောင့် အဆင်‌ပြေလျက်ရှိကြကြောင်း ရွာသာကျေးရွာမှ မြေပဲစိုက်တောင်သူ ဦးလှစိုးထံမှ သိရသည်။

 

မင်းဘူး(စကု)မြို့နယ်တွင် မိုးဦးမြေပဲဧက ၈၁၅၃ ဧက စိုက်ပျိုးထားသော်လည်း ဝယ်လိုအားကောင်းခဲ့ပြီး စားသုံးဆီဈေးနှုန်းများ မြင့်တက်မှုနှင့်အတူ မြေပဲဆံ တစ်တင်းလျှင် ကျပ် ၁၄၀၀၀၀၊ မြေပဲဆီ တစ်ပိဿာလျှင် ကျပ် ၁၅၀၀၀ ဈေးအထိ မြင့်တက်‌နေ၍ မြေပဲစိုက် တောင်သူများအ‌နေဖြင့် အဆင်ပြေကြကြောင်းလည်း သိရသည်။

 

မင်းဘူး(စကု)မြို့နယ်၏ စားဆီဈေးနှုန်းများမှာ မြေပဲဆီတစ်ပိဿာ ၁၅၀၀၀ ကျပ်၊ နှမ်းဆီတစ်ပိဿာ ၁၅၀၀၀ ကျပ်၊ နေကြာဆီ တစ်ပိဿာ ၁၄၀၀၀ ကျပ်နှင့် စားအုန်းဆီ တစ်ပိဿာ ကျပ် ၁၁၀၀၀ တို့ဖြစ်ပြီး စားဆီဈေးနှုန်းများ မြင့်တက်လျက်ရှိသောကြောင့် ဆောင်းသီးနှံများစိုက်ပျိုးရာတွင် ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးသွားမှာဖြစ်ကြောင်း မင်းဘူးမြို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ဇေယျာထက်(မင်းဘူး)