နေပြည်တော် နိုဝင်ဘာ ၈

 

နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်၊ ခွန်စံလွင်၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဗဟိုအကြံပေး အဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် ဘားအံမြို့နယ်၊ တရုတ်လှကျေးရွာ၊ တရုတ်လှလျှပ်စစ်မြစ် ရေတင်၌ သံလွင်မြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ တက်ရောက်ကြသည်။

 

ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းရှိ ဘားအံငါးလုပ်ငန်းစခန်းနှင့် ကျုံဒိုးငါးလုပ်ငန်း စခန်းတို့မှ ()လက်မအရွယ် ငါးသားပေါက်ကောင်ရေ ၁၃ သိန်းကိုထုတ် လုပ်ပြီး ၅ ဒဿမ ၂ သိန်းကို သဘာဝမြစ်ချောင်းများအတွင်း ငါးမျိုးစိုက် ထည့်သွားရန်လျာ ထားဆောင်ရွက်ခဲ့ရာ ယခုအခါ ငါးသား ပေါက်ကောင်ရေ ၇ သိန်းကို ငါးမျိုးစိုက်ထည့်ပေးခဲ့ပြီးဖြစ်ကာ ယနေ့တွင် ငါးသားပေါက်ကောင်ရေ တစ်သိန်းကို ငါးမျိုးစိုက်ထည့်မည်ဖြစ်သည့်အတွက် ယခုနှင်လျာထားချက်အပေါ် ရာနှုန်းပြည့် အကောင်အထည်ဖော်ဆောင်ရွက် နိုင်ခဲ့ကြောင်း ငါးမျိုး စိုက်ထည့်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား သည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီအဖွဲ့ဝင်များနှင့်အဖွဲ့သည် လူမှုရေးအသင်းအဖွဲ့များ၊ ကျေးရွာနေ ပြည်သူများနှင့်အတူ ငါးမြစ်ချင်း ကောင်ရေငါးသောင်း၊ ငါးခုံးမကြီး ကောင်ရေ ငါးသောင်း စုစုပေါင်း ကောင်ရေတစ်သိန်းကို သံလွင်မြစ်အတွင်း ငါးမျိုးထည့်ပေးခဲ့ကြပြီး တရုတ်လှ လျှပ်စစ်မြစ်ရေတင်လုပ်ငန်း 37 KW Motor ()စုံဖြင့် သံလွင်မြစ်မှ ရေကိုစုပ်တင်၍ စိုက်ပျိုးရေပေးဝေနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်မန်းငြိမ်းမောင်က လိုအပ်သည်များ မှာကြား သည်။

 

ဆက်လက်၍  ဘားအံမြို့နယ်၊ နောင်ခရိုင်ကျေးရွာ၌ ကျင်းပသည့် မိုးစပါးစိုက်ခင်းများအား သဘာဝ မြေဩဇာနှင့် ဓာတ်မြေဩဇာအချိုးကျရောစပ်စုပေါင်းကြဲပက်ခြင်း ကွင်းသရုပ် ပြပွဲနှင့်မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြပြီး နောင်ခရိုင်၊ ထောင်ဝိ၊ ကော့လှိုက်၊ ကော့သင်းရှူး၊ ရဲသာ(ကမော့ကစင်)၊ ကော့ထမလိန်း၊ တော်ပုံ၊ လှိုင်ကမ္ဘာ ကျေးရွာများမှ တောင်သူများနှင့်တွေ့ဆုံ၍ တောင်သူများကို ဓါတ်မြေဩဇာနှင့် သဘာဝမြေဩဇာ စုစုပေါင်း အိတ်(၃၀၀)ကို ထောက်ပံ့ပေးအပ်ကြပြီး တောင်သူများ၏ မိုးစပါးစိုက်ခင်းများအတွင်း သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ များအချိုးကျရောစပ်စု ပေါင်းကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲကို ကြည့်ရှုအားပေးကြကာ တက်ရောက်လာသော ယဉ်ကျေးမှုအဖွဲ့ များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြသည်။

 

အလားတူ နိုဝင်ဘာ ၇ ရက် မွန်းလွဲပိုင်းက ဘားအံမြို့၊ ကရင်ကျောင်းသား များရိပ်သာ ရှေ့ရှိ ဘောလုံးကွင်း၌ (၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ရိုးရာလှက်ဝှေ့ပြိုင်ပွဲ စာချုပ်စိန်ခေါ်ပွဲများ ယှဉ်ပြိုင် ထိုးသတ်နေမှုများကို ကြည့်ရှုအားပေး၍ ဂုဏ်ပြုဆုငွေ များပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က စာချုပ်စိန်ခေါ်ပွဲ ခေါင်ပွဲစဉ်အဖြစ် ရန်နိုင်ထွန်း(ဇွဲကပင်မြေ)နှင့်အောင်ခိုင်(ဘိလပ်မြေစက်ရုံ)တို့၏ သရေ ရလဒ် ထွက်ပေါ်မှုကို တစ်ဦး လျှင်ငွေကျပ်သိန်း(၅၀)စီ ချီးမြှင့်ပေးအပ်သည်။

 

ယင်းနောက် ဘားအံမြို့၊ သီရိကွင်း၌ (၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ဒုံးအကပြိုင်ပွဲ တတိယညအနေဖြင့် ဒုံးအဖွဲ့()ဖွဲ့တို့၏ မြူးကြွသွက်လက်မြိုင်ဆိုင်စွာ ကပြယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးပြီး နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က ဒုံးအဖွဲ့များအတွက် ငွေကျပ်(၁၀)သိန်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီအဖွဲ့ဝင် ခွန်စံလွင်က (၁၀)သိန်း၊ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး Jeng Phang နော်တောင် က (၁၀)သိန်း၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင် က () သိန်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)