နယူးယောက် နိုဝင်ဘာ ၁၀
အမေရိကန်ပြည်ထောင်စု အရှေ့မြောက်ပိုင်း၌ တောမီးများ ဆက်လက်ပျံ့နှံ့လောင်ကျွမ်းလျက်ရှိရာ နယူးယောက်မြို့ ဆင်ခြေဖုံးဧရိယာအထိ ပျံ့နှံ့လာပြီး သီတင်းပတ်အကုန်ပိုင်းတွင် မြို့တော်တစ်ဝန်း လေထုအရည်အသွေး ဆိုးရွားလျက်ရှိသည်။
နယူးဂျာစီ၌ တောမီးလောင်မှု၏ ၄၀ ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်ပြီဟု နယူးဂျာစီ သစ်တောမီးငြှိမ်း သတ်ရေးအဖွဲ့က နိုဝင်ဘာ ၉ ရက်တွင် သတင်းထုတ်ပြန်သည်။ တောမီးလောင်မှုဖြစ်ပွားနေသည့် ဧရိယာမှာ မင်ဟက်တန်အနီး စင်ထရယ်ပါ့ခ်နှင့် ၁၃ ကီလို မီတာသာ ကွာဝေးသည့် ဟော့ဒ်ဆန် မြစ် အနောက်ဘက်ကမ်းတွင် တည်ရှိသည်။
မြေပြင်တွင် ကူညီထောက်ပံ့မှုများပြုလုပ်ရန် မီးသတ်ကားများကို တောမီးလောင်ရာ နေရာသို့ စေလွှတ်ခဲ့ကြောင်း တောမီးငြှိမ်းသတ်ရေးဌာနက ပြောသည်။ နယူးယောက်မြို့လေထုအရည်အသွေး သတိပေးချက်ကို နိုဝင်ဘာ ၉ ရက် ည ၁၁ နာရီတွင် နယူးယောက်မြို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနက ထုတ်ပြန်ခဲ့သည်။
တောမီးလောင်မှုများကြောင့် မီးသတ်သမားတစ်ဦး သေဆုံးကာ ခြောက်ဦးဒဏ်ရာရရှိခဲ့သည်။ နယူးဂျာစီပြည်နယ် ဂျက်ဆန်မြို့နေအိမ်ခြောက်လုံးတွင် နေထိုင်ကြသူများကိုလည်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့သည်။ ပုံမှန်မဟုတ်သည့် ခြောက်သွေ့သောအခြေအနေများကြောင့် ကွန်နက်တီကယ်နှင့် နယူးဂျာစီပြည်နယ်တို့တွင် တောမီးလောင်မှုများ ကြုံတွေ့ခဲ့ရသည်။
ဆင်ဟွာ