နိုဝင်ဘာ ၁၁

လက်ဘနွန်နိုင်ငံအရှေ့ပိုင်းနှင့် တောင်ပိုင်းတွင် ယမန်နေ့မွန်းလွဲပိုင်းက အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ၂၄ ဦး ထက်မနည်းသေဆုံးပြီး လူအများအပြားဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားသတင်းအေဂျင်စီ(အင်န်အင်န်အေ)က ဖော်ပြထားသည်။

အဆိုပါလေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဗက်ကာတောင်ကြားနှင့် ဗာလ်ဗက်-ဟာမယ်လ်အုပ်ချုပ်ရေးမှူးရုံး၊ ဗာဗက်မြို့ရှိကျေးရွာများမှ ထိခိုက်ဒဏ်ရာရသေဆုံးမှုအများဆုံးဖြစ်သည်ဟု သိရသည်။

အစ္စရေးက ဘေရွတ်မြို့မြောက်ပိုင်း ဂျေဘီလ်ခရိုင်ရှိ အလ်မတ်မြို့ကို ထိုနေ့အစောပိုင်းက လေကြောင်းဖြင့် ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၃ ဦးအထိရှိလာပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

အစ္စရေးတပ်မတော်သည် စက်တင်ဘာလနှောင်းပိုင်းမှစတင်ကာ ဟစ်ဇ်ဘိုလာနှင့်စစ်ရေးအရှိန်မြင့်တက်လာရာ လက်ဘနွန်နိုင်ငံအပေါ် ပြင်းထန်သောလေကြောင်းတိုက်ခိုက်မှုများပြုလုပ်လျက်ရှိသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလက အစ္စရေး-ဟစ်ဇ်ဘိုလာပဋိပက္ခဖြစ်ပွားမှုမှစတင်ကာ လက်ဘနွန်နိုင်ငံတွင် အစ္စရေးလေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးသူ ၃၁၈၉ ဦးရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၄၀၇၈ ဦး ရှိလာသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို