နေပြည်တော် နိုဝင်ဘာ ၁၂
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့(UNICEF)ရုံးချုပ်မှ ဒုတိယအမှုဆောင်ညွှန်ကြားရေးမှူး Mr. Edward Chaker Chaiban ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် UNICEF က ထောက်ပံ့ပေးနေသော လုပ်ငန်းအစီအစဉ်များနှင့်စပ်လျဉ်း၍ အကောင်အထည် ဖော်ဆောင်ရွက်နေမှု အခြေအနေ၊ မြန်မာနိုင်ငံနှင့် UNICEF တို့အကြား ရှေ့ဆက်လက် ပူးပေါင်း ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးသည်။
တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ ဆိုင်ရာ UNICEF ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
(သတင်းစဉ်)


