နေပြည်တော် နိုဝင်ဘာ ၁၂
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ဘရာဇီးလ် ဖက်ဒရယ်သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဂူစထာဗို ရော်ချာ ဒီ မင်နင်းဇီးစ်ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ-ဘရာဇီးလ် နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ဆင်းရဲမွဲတေမှုနှင့် ငတ်မွတ်မှုတိုက်ဖျက်ရေး မဟာမိတ်အဖွဲ့ဆိုင်ရာကိစ္စရပ်များ၊ မြန်မာ-ဘရာဇီးလ် နှစ်နိုင်ငံ အကြား စတုတ္ထကြိမ်မြောက် နိုင်ငံရေးရာဆွေးနွေးပွဲကျင်းပနိုင်ရေး နှင့် နိုင်ငံတကာမျက်နှာစာတွင် မြန်မာ-ဘရာဇီးလ်နှစ်နိုင်ငံပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ အပါအဝင် နှစ်နိုင်ငံအပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် အလားလာရှိသော ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍများတို့နှင့် စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)


