အောင်လံ နိုဝင်ဘာ ၁၃

 

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့ပေါ်ရှိ ဆေးဆိုင်များတွင် သက်တမ်းလွန်ဆေးဝါးများ၊ မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင်အမှတ် မပါရှိသောဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိကို နိုဝင်ဘာ ၁၂ ရက်က အောင်လံမြို့၊ ဆေးဝါးကြီးကြပ်မှုကော်မတီအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့သည်။

 

ထိုသို့စစ်ဆေးရာတွင် ဆေးဝါးကြီးကြပ်မှုကော်မတီအဖွဲ့၏ ဥပဒေပြဌာန်းချက်များနှင့်အညီ ရောင်းချမှု ရှိစေရေး၊ စံမညီဆေးဝါးများ၊ တရားမဝင်ဆေးဝါးများ၊ ရောင်းချခြင်းရှိ/မရှိ၊ သက်တမ်းလွန် ဆေးပစ္စည်းများ ရှိ/မရှိကို စစ်ဆေးခြင်း၊ ဆေးဝါးများ/ ဆေးပစ္စည်းများ ဈေးကွက်နမူနာကောက်ယူခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ရာ အဖွဲ့ဝန်ထမ်းများမှ ဆေးဝါးကြီးကြပ်ရေးကော်မတီများနှင့်အတူ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)