နိုဝင်ဘာ ၁၄
စင်ကာပူနိုင်ငံသို့ ယခုနှစ်အောက်တိုဘာလအတွင်း ခရီးသွား ၁ ဒသမ ၃၁ သန်း ဝင်ရောက်မှုရှိရာ ခရီးသွားဝင်ရောက်မှုသည် တစ်နှစ်ထက်တစ်နှစ် ၁၆ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်လာသည်ဟု ခရီးသွားလုပ်ငန်းအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
လွန်ခဲ့သောလက ခရီးသွား ၃၆၇၀၀၀ ကျော် ညအိပ်နေထိုင်ခဲ့ပြီး ယမန်နှစ်ကထက် ၅၈.၄ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ညအိပ်ညနေခရီးသွားများသည် ပျမ်းမျှအားဖြင့်သုံးရက်ကြာနေထိုင်လေ့ရှိရာ ယခင်နှစ်ကထက် ၁၅.၅ ရာခိုင်နှုန်း ကျဆင်းသွားသည်။
စင်ကာပူနိုင်ငံသို့ဝင်ရောက်သောခရီးသွားများတွင် တရုတ်ပြည်မကြီးမှခရီးသွားဝင်ရောက်မှု အများဆုံးဖြစ်သည်။ အောက်တိုဘာလအတွင်း တရုတ်နိုင်ငံမှခရီးသွားဝင်ရောက်မှု ၂၃၄၀၀၀ ရှိရာ တရုတ်ခရီးသွားဝင်ရောက်မှုသည် ထိပ်ဆုံးကရပ်တည်လျက်ရှိသည်။ တရုတ်နိုင်ငံပြီးလျှင် အင်ဒိုနီးရှား၊ မလေးရှား၊ အိန္ဒိယနှင့် ဩစတြေးလျနိုင်ငံတို့ဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို