ရန်ကုန် နိုဝင်ဘာ ၁၄

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်ရှိ Alpha Best Global Limited ဖိနပ်ချုပ်စက်ရုံ၊ အထည်ချုပ်စက်ရုံများဖြစ်သည့် Rong Da Garments Co.,Ltd နှင့် ရွှေဇာမဏီစက်ရုံများသို့ သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များညှိနှိုင်းပေးကာ စက်ရုံအတွင်း လှည့်လည်ကြည့်ရှု၍ လုပ်သားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မှော်ဘီမြို့နယ်ရှိ အထည်ချုပ်စက်ရုံများ ဖြစ်သည့် ဝမ်ပင်းစက်ရုံ၊ Wan He Garnment နှင့် ကီဒိုရန်ကုန် စက်ရုံများသို့ သွားရောက်ကြည့်ရှုအားပေးရာ စက်ရုံတာဝန်ခံများ၊ မန်နေဂျာများ၊ ကြီးကြပ်ရေး မှူးများနှင့် စက်ရုံအလုပ်သမား အဖွဲ့အစည်းဝင်များ၊ လုပ်ငန်းခွင်ညှိနှိုင်းရေး ကော်မတီဝင်များ၊ လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေးနှင် ကျန်းမာရေးတာဝန်ခံများက လုပ်ငန်းခွင်အခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက အလုပ်သမားရေးရာ ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရေး၊ လုပ်သားများ၏ သက်သာချောင်ချိရေးနှင့် လူမှုကာကွယ်စောင့်ရှောက် ရေးအတွက် အလုပ်ရှင်၊ အလုပ်သမား အပြည်အလှန် နားလည်ယုံကြည်မှု၊ စေတနာပါမှုတို့ဖြင့် ဆောင်ရွက်ပေးရန်၊ ကုန်ထုတ်စွမ်းအား တိုးတက်ရေးအတွက် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ရန်၊ လုပ်ငန်းခွင် ဆက်ဆံရေးကောင်းမွန်မှုသည် စက်ရုံ၏ ကုန်ထုတ်လုပ်မှုကို မြှင့်တင်ပေးနိုင်သဖြင့် အလုပ်ရှင်၊ အလုပ်သမားများက အလေးထားဆောင်ရွက်ရန်ရွက်ရန်လိုကြောင်း မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်