နေပြည်တော် နိုဝင်ဘာ ၁၄

အလုပ်သမားဝန်ကြီးဌာန၊ ထုပ်ဆီးတိုးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ပိုင်းတွင် ဝန်ကြီးရုံးရှေ့မြက်ခင်းပြင်၌ ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးမြင့်နောင်၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ ပြိုင်ပွဲဝင်အသင်းများ၏ အုပ်ချုပ်သူများ၊ နည်းပြများ၊ အားကစားသမားများ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ဒိုင်အဖွဲ့ဝင်များ တက်ရောက်သည်။

ဉီးစွာ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးရုံးအပါအဝင် ဦးစီးဌာန၊ အဖွဲ့ရုံးများမှ ဝန်ထမ်းအချင်း ချင်း ချစ်ကြည်ရင်းနှီးမှု တိုးတက်စေရေး၊ ဝန်ထမ်းများ ကျန်းမာကြံ့ခိုင်သန်းစွမ်းမှုရရှိစေရေး၊ ဝန်ထမ်းအချင်းချင်း ရိုင်းပင်းကူညီစိတ်များနှင့် စုပေါင်းလုပ်ဆောင်တတ်သည့် အလေ့အထများ ရရှိစေရန်ရည်ရွယ်၍ ထုပ်ဆီးတိုး အားကစားပြိုင်ပွဲကို ကျင်းပပေးခြင်းဖြစ်ကြောင်း၊ အားကစားပြိုင်ပွဲများကို ပုံမှန်ကျင်းပနိုင်ရေးအတွက် တာဝန်ရှိသူများအနေဖြင့် အဘက်ဘက်က ဝိုင်းဝန်းကူညီ ပံ့ပိုးပေးကြရန် ပြောကြားသည်။ 

ထို့နောက် ပထမရရှိသည့် အသင်းကို ပြည်ထောင်စုဝန်ကြီးကလည်းကောင်း၊ ဒုတိယဆု ရရှိသည့်အသင်းကို အမြဲတမ်းအတွင်းဝန်ကလည်းကောင်း၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသည့် အသင်းများကို ညွှန်ကြားရေးမှူးချုပ်များက လည်းကောင်း ဆုများပေးအပ်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်