မင်းဘူး နိုဝင်ဘာ ၁၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနက ကျင်းပသည့် မီးခိုးမြူငွေ့လျှော့ချရေးနှင့် သဘာဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။

ဟောပြောပွဲတွင် မင်းဘူးမြို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇေယျက တောမီးလောင်ကျွမ်းမှုနှင့် ဖြစ်ပေါ်စေသော အကြောင်းအရာများကိုလည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်ခိုင်ချစ်ဆုဝေက မီးခိုးမြူငွေ့ လျှော့ချရေးဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း ရှင်းလင်းဟောပြောကာ မီးခိုးမြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့် ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာစောင်များကို ဝေငှပေးခဲ့ကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)