နိုဝင်ဘာ ၁၈

နိုင်ငံတကာရွှေ့ပြောင်းနေထိုင်သူများအဖွဲ့အစည်း (အိုင်အိုအမ်)က လွန်ခဲ့သောသီတင်းပတ်က ရွှေ့ပြောင်းနေထိုင်သူ ၆၀၄ ဦးအားကယ်ဆယ်ပြီးလစ်ဗျားနိုင်ငံသို့ပြန်လည်ပို့ဆောင်ခဲ့ကြောင်း ယမန်နေ့ကပြောကြားသည်။

နိုဝင်ဘာလ ၁၀ ရက်မှ ၁၆ ရက်နေ့အတွင်း အမျိုးသမီး ၃၄ ဦးနှင့် ကလေး ၁၁ ဦးအပါအဝင် အဆိုပါရွှေ့ပြောင်းနေထိုင်သူများကို ကယ်ဆယ်နိုင်ခဲ့ကြောင်း အိုင်အိုအမ်ကသတင်းထုတ်ပြန်ထားသည်။ ရွှေ့ပြောင်းနေထိုင်သူခုနစ်ဦး၏ရုပ်အလောင်းများကို ဆယ်ယူနိုင်ခဲ့ပြီး အခြား ၅၄ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်သည်ဟု သိရသည်။

ယခုနှစ်လက်ရှိအချိန်အထိ လစ်ဗျားကမ်းလွန်ပင်လယ်ပြင်တွင် ရွှေ့ပြောင်းနေထိုင်သူ ၂၀၂၃၁ ဦးကိုကယ်ဆယ်နိုင်ခဲ့ကြောင်းနှင့် ၈၃၀ ဦး ပျောက်ဆုံးနေကြောင်းနှင့် သေဆုံးသူ ၅၁၅ ဦး ရှိကြောင်း ဖော်ပြထားသည်။

၂၀၁၁ ခုနှစ်က လစ်ဗျားခေါင်းဆောင်ကဒါဖီ ပြုတ်ကျပြီးနောက်ပိုင်း လစ်ဗျားနိုင်ငံတွင် ဘေးကင်းလုံခြုံမှုမရှိသဖြင့် ရွှေ့ပြောင်းနေထိုင်သူအများအပြားသည်  ဉရောပကမ်းခြေများသို့ရောက်ရှိရန် မြေထဲပင်လယ်ကိုဖြတ်ကျော်ရန် ကြိုးပမ်းအားထုတ်ခဲ့ကြသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို