နေပြည်တော်   နိုဝင်ဘာ  ၁၉

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး သည်  ရုရှားနိုင်ငံ RC Investments ၏ မြန်မာနိုင်ငံဆိုင် ရာ ဌာနေကိုယ်စားလှယ် Mr. Artemii ALIMOV ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက်ပိုင်းတွင်  ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ရုရှားနိုင်ငံထုတ် မြေဩဇာစက်ရုံ တည်ဆောက်ရင်းနှီးမြှုပ်နှံရေး၊ သဘာဝ ရွက်ဖြန်း အားဆေးရည် ထုတ်လုပ်မည့်စက်ရုံတည်ဆောက်ရေး စီမံကိန်းနှင့် မျိုးစေ့ထုတ်လုပ်ငန်းများတွင် ရင်းနှီး မြှုပ်နှံရေးကိစ္စများနှင့် စပ်လျဉ်း၍ ရင်းရင်းနှီးနှီး ဆွေးနွေးကြသည်။ 

 

တွေ့ဆုံဆွေးနွေးပွဲသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ စိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူ များ တက်ရောက်ကြကြောင်း သိရသည်။

(သတင်းစဉ်)