ရန်ကုန် နိုဝင်ဘာ ၂၀
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) အဆင့်မြင့်အရာထမ်းသင်တန်း အမှတ်စဉ်(၂၅) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါတက္ကသိုလ် ကေတုမတီခန်းမ၌ ကျင်းပသည်။
အဆင့်မြင့်အရာထမ်းသင်တန်းဆင်းပွဲ အခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးစိုးတင့်တက်ရောက်၍ သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။
သင်တန်းဆင်းပွဲသို့ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်သင်ကြား/ စီမံဌာနများမှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ထို့ပြင် အရာထမ်းအခြေခံသင်တန်း အမှတ်စဉ်(၂၂၁) သင်တန်းဆင်းပွဲကို စစ်ရေးပြကွင်း၌ ကျင်းပရာ ပါမောက္ခချုပ်က သင်တန်းသားစံပြဆု၊ သင်တန်းသူစံပြဆု၊ သေနတ်ပစ်ထူးချွန်ဆု၊ စစ်ရေးပြ ထူးချွန်ဆုနှင့် သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ပြီး သင်တန်းဆင်း အမှာစကားပြောကြားသည်။
အဆင့်မြင့်အရာထမ်းသင်တန်း အမှတ်စဉ်(၂၅)ကို စက်တင်ဘာ ၂၃ ရက်မှ နိုဝင်ဘာ ၂၀ ရက်အထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ(၄၀) တက်ရောက်ခဲ့ကြကာ အရာထမ်းအခြေခံသင်တန်း အမှတ်စဉ်(၂၂၁)ကို ဩဂုတ် ၂၆ ရက်မှ နိုဝင်ဘာ ၂၀ ရက်အထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ(၁၈၀) တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


