နေပြည်တော် နိုဝင်ဘာ ၂၀
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် နေပြည် တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နှင့်အတူ ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ဖြုတ်ခွဲကျေးရွာသို့ သွားရောက်ပြီး သားတင်ဦး အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းနှင့် ကျောက်စိမ်း လယ်ယာနှင့်အထွေထွေစီးပွားရေး သမဝါယမအသင်းတို့ အကျိုးတူပူးပေါင်းဆောင်ရွက်သော အိမ်ရှင်မဆီစက်ဖွင့်ပွဲသို့ တက်ရောက်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်း ဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက အိမ်ရှင်မဆီစက်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ပြည်ထောင်စု ဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့က ဆီစက်ဆိုင်းဘုတ်အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ပုဗ္ဗသီရိမြို့နယ်၊ ဖြုတ်ခွဲကျေးရွာတွင် တန်ဖိုးမြှင့် စားသုံးဆီ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းကို သမဝါယမအသင်း(၂)သင်း ပေါင်းစပ် ဆောင်ရွက်ခဲ့ပြီး (၁) ရက်လျှင် မြေပဲဆီ (၅၀၄) ပိဿာ၊ (၁) လလျှင် ပိဿာ (၁၅၁၂၀) ၊ (၁) နှစ်လျှင် ပိဿာ (၁၈၁၄၄၀) ကြိတ်ခွဲ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ ကုန်ကြမ်းဝယ်ယူရရှိရေးအတွက် (၁) နှစ်လျှင် မြေပဲစိုက်ဧက (၃၅၁၂ဒသမ၀၆) ဧကကို အကျိုးပြုပေး မည်ဖြစ်ကြောင်း၊ စက်ရုံအတွက် လိုအပ်သည့် ဆီထွက်သီးနှံကုန်ကြမ်းများကို ဒေသတွင်း တောင်သူများထံမှ ဝယ်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ရန်နှင့် စက်ရုံရေရှည်လည်ပတ်နိုင် ရေးဝိုင်းဝန်းထိန်းသိမ်းကြရန် တိုက်တွန်း မှာကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက နေပြည်တော်ကောင်စီနယ်မြေအတွင်း ဆီထွက် သီးနှံ စိုက်ပျိုးရေးလုပ်ငန်းများ၊ ပြည်တွင်းစာသုံးဆီဖူလုံရေးအတွက် ဆီကြိတ်ခွဲစက်များ ထူထောင် ရေးလုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ သားတင်ဦး အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း ဥက္ကဋ္ဌက စက်ရုံ တည်ဆောက်ခဲ့မှု မှတ်တမ်းများ၊ ကြိတ်ခွဲလည်ပတ်မည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထိုမှတဆင့် ပုဗ္ဗသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပသော အသေး စား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေး လက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းဖြင့်ဖွင့်လှစ်ခဲ့သည့် သီးနှံအခြေခံတန်ဖိုးမြင့်စား သောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း၊ ဝါးအခြေခံလက်မှုထည်သင်တန်း၊ သစ်အခြေခံ ပရိဘောဂသင်တန်းနှင့် ရေခဲမုန့်အမျိုးမျိုးထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲများသို့ တက်ရောက်၍ ပြည်ထောင်စုဝန်ကြီး ကအဖွင့်အမှာစကားပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဇေယျာသီရိမြို့နယ်၊ ဝန်ပြန်ကျေးရွာမှ သီးနှံအခြေခံ တန်ဖိုးမြင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် ထူးချွန်သူ (၅) ဦး ကိုလည်း ကောင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ က ပုဗ္ဗသီရိမြို့နယ်၊ ရွာသစ်ကျေးရွာမှ သီးနှံအခြေခံ တန်ဖိုးမြင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် ထူးချွန်သူ (၅) ဦးကို လည်းကောင်း လုပ်ငန်းသုံးစက်ပစ္စည်းများ ပေးအပ်သည်။
ထို့နောက် ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဝန်ကြီးများ၊ အမြဲတမ်း အတွင်း ဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက သင်တန်းအလိုက် ထူးချွန်သူ (၅) တို့ကိုလုပ်ငန်းသုံး ပစ္စည်း များနှင့် သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြရာသင်တန်းသား၊ သင်တန်းသူ များကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


