နေပြည်တော်၊ နိုဝင်ဘာ ၂၅
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏လမ်းညွှန်မှုအရ ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေး ပစ္စည်းများကို ရေယာဉ်၊ လေယာဉ်၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိရာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က မှာယူသည့် ဆန် (၂၄) ပြည်အိတ် (၂၀၀၀)၊ စားသုံးဆီ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ အပါအဝင် စုစုပေါင်း (၁၇၂ ဒသမ ၃၄၈) တန်ကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ရေယာဉ်ဖြင့် ပို့ဆောင်ခဲ့သည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ၂၀၂၃ ခုနှစ်မေ ၁၆ ရက်မှစ၍ ယနေ့အထိ တပ်မတော် စစ်ရေယာဉ်များအပါအဝင် ရေယာဉ် (၄၉) စီးဖြင့် ဆောက်လုပ်ရေးသုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဆေးဝါးနှင့် ကျန်းမာရေးပစ္စည်း၊ လူသုံးကုန်နှင့် စားသောက်ကုန်များ ပါဝင်သော ကူညီကယ်ဆယ်ရေးပစ္စည်း စုစုပေါင်း (၇၁,၂၇၁ ဒသမ ၇၈) တန်နှင့် ဒီဇယ် (၂၄၉,၇၆၂) ဂါလံ၊ Octane 92 (၁၉၉,၈၈၆) ဂါလံ ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


