နိုဝင်ဘာ ၂၆
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တစ်ရက်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့်သေဆုံးသူ ၁၁ ဦးရှိရာ ယခုနှစ်ဇန်နဝါရီလနောက်ပိုင်း သေဆုံးသူ ၄၅၉ ဦး ရှိလာသည်ဟု ကျန်းမာရေးဝန်ဆောင်မှုများညွှန်ကြားမှုဦးစီးဌာန( ဒီဂျီအိတ်ချ်အက်စ်)က ပြောကြားသည်။
လွန်ခဲ့သော ၂၄ နာရီအတွင်း သွေးလွန်တုပ်ကွေးရောဂါအတည်ပြုလူနာ ၁၀၇၉ ထပ်မံစစ်ဆေးတွေ့ရှိခဲ့ရာ ယခုလအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူပေါင်း ၂၄၉၇၄ ဦးအထိရှိပြီး ယခုနှစ်အတွင်း ထိုရောဂါဖြစ်ပွားသူပေါင်း ၈၆၇၉၁ ဦး ရှိလာကြောင်း ဒီဂျီအိတ်ချ်အက်စ်က သတင်းထုတ်ပြန်ထားသည်။
ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါနှင့်ဆက်စပ်သေဆုံးမှုတွင် နိုဝင်ဘာလက ၁၄၄ ဦး၊ အောက်တိုဘာလက ၁၃၅ ဦး၊ စက်တင်ဘာလက ၈၇ ဦး၊ ဩဂုတ်လက ၃၀ ဦးနှင့် ဇူလိုင်က ၁၄ ဦးတို့ပါဝင်သည်ဟု သိရသည်။
၂၀၂၂ ခုနှစ်က သွေးလွန်တုပ်ကွေးရောဂါနှင့်ဆက်စပ်သေဆုံးသူ ၂၈၁ ဦးရှိပြီး ၂၀၁၉ ခုနှစ်က သေဆုံးသူ ၁၇၉ ဦးရှိကြောင်း၊၂၀၂၃ ခုနှစ်က သွေးလွန်တုပ်ကွေးရောဂါနှင့်ဆက်စပ်သေဆုံးသူ ၁၇၀၅ ဦးရှိရာ နှစ်အလိုက်သေဆုံးမှုတွင် သေဆုံးမှုအများဆုံးဖြစ်ကြောင်း ဖော်ပြထားသည်။
သွေးလွန်တုပ်ကွေးသည် အေးဒိစ်ခြင်ကိုက်ခံရခြင်းမှ ကူးစက်သော ဗိုင်းရပ်စ်ရောဂါဖြစ်သည်။ သွေးလွန်တုပ်ကွေး ရောဂါကြောင့် ခေါင်းကိုက်ခြင်း၊ အဖျားကြီဂခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ အော့အန်ခြင်းနှင့် အဖုထွက်ခြင်း စသည့်လက္ခဏာများဖြင့် ဖျားနာမှုတို့ဖြစ်စေသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို