နေပြည်တော် နိုဝင်ဘာ ၂၆

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်ကျေးရွာအုပ်စု၊ သုခရတနာစာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါစာကြည့်တိုက်ရှေ့၌ ကျင်းပရာ နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စာရေးဆရာ/ ဆရာမများ၊ အလှူရှင်များ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရာက်ကြသည်။

 

ဉီးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုး၊  ဦးမြင့်စိုးနှင့် ဦးမင်းဦး၊ နေပြည်တော် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်သင်းသင်းဇင်တို့က သုခရတနာစာကြည့်တိုက် အဆောက်အဦအသစ်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ က ပန်းပွားအကဖျော်ဖြေကြသည့် ကျောင်းသား ကျောင်းသူများကို ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ပြီး စာကြည့်တိုက်အတွင်း ပခုက္ကူတစ်သက်တာစာပေဆုရ စာရေးဆရာမကြီး တင်ရီမ(ညောင်ဦး)နှင့် လူငယ်လူရွယ်များ စာပေဖတ်ရှုဆွေး နွေးနေမှု၊စာပေဖတ်ရှု လေ့လာနေမှုနှင့် စာအုပ်စာစောင်များထားရှိမှု အခြေအနေများကို ကြည့်ရှုအားပေးသည်။

 

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက အမှာစကားပြောကြားပြီး ပုဗ္ဗသီရိမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက စာကြည့်တိုက်ဆိုင်ရာအချက်အလက်များကို ကျည်တောင်ကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ထံလွှဲပြောင်း ပေးအပ်ကာ  ပခုက္ကူတစ်သက်တာစာပေဆုရ စာရေးဆရာမကြီး တင်ရီမ(ညောင်ဦး) မေချို (ပျဉ်းမနား) နေပြည်တော်စာကြည့် တိုက်များဖောင်ဒေးရှင်း ဒုတိယဥက္ကဋ္ဌ ဦးလင်းထွဋ်နှင့် လူမှုရေး အသင်းအဖွဲများ၊ အလှူရှင်များက စာကြည့်တိုက်အတွက် စာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းရာ  “သုခရတနာစာကြည့်တိုက်မှူး က လက်ခံရယူသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ရာ ကျည်တောင်ကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ပုဗ္ဗသီရိမြို့နယ်၊ ပင်လောင်းလမ်းဘေး အေးမြင့်သာယာ ကွင်း ကွင်းအမှတ် ၁၆၂၄ ကွင်းတွင် ဆောင်းသီးနှံစိုက်ပျိုးနိုင်ရေးအတွက် စက်ယန္တရားများဖြင့် မြေပြုပြင် ပေးနေမှု ၊ ပင်လောင်းလမ်းဘေး ပန်းအလှပင်များ စိုက်ပျိုးထားရှိမှုများ၊ ဘဲကုန်းကျေးရွာကွင်းအမှတ် ၁၆၂၃(က) ကွင်းတွင် စက်ရေတွင်းအမှတ်()မှ Solar System & Rain Gun Systemz ဖြင့်စိုက်ပျိုး ရေပေးဝေခြင်းလုပ်ငန်းများ၊ ပုဗ္ဗသီရိမြို့နယ်၊ ရာဇဌာနီလမ်းဘေးရှိ အိုမားအသင့်စား ခေါက်ဆွဲခြောက်ထုတ် လုပ်ခြင်းလုပ်ငန်းတွင် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် နေပြည်တော်အမျိုးသားပရဆေး ဥယျာဉ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးသည်။

(သတင်းစဉ်)