ညောင်တုန်း နိုဝင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ဂန်ချောင်းကျေးရွာအုပ်စု၊ ဂန်ချောင်းကျေးရွာတွင် ယမန်နေ့ ညနေ ၅ နာရီခန့်က ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းမှ အလျား(၃၀၀)ပေ၊ အနံ(၁၀၀)ပေခန့် ပြိုကြမှုဖြစ်ပွားခဲ့သည်။
မြစ်ကမ်းပါးပြိုကျမှုကြောင့် မြစ်ကမ်းအနီးရှိ နေအိမ်(၅)လုံး မျောပါသွားခဲ့ပြီး အဆိုပါအိမ်ထောင်စုများအား မြစ်ကမ်းပါးနှင့်ကင်းလွတ်ရာ ဆွေမျိုးများထံတွင် ခေတ္တပြောင်းရွှေ့ နေထိုင်လျက်ရှိကြောင်း၊ စားသောက်ရေးကိစ္စရပ်များကို မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး လူနှင့် တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရ သေဆုံးမှုမရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


