နေပြည်တော် နိုဝင်ဘာ   ၂၇

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၄) တွင် (၁၃) ကြိမ်မြောက် In Person – Virtual စနစ်ဖြင့် တရားလွှတ်တော်ရှေ့နေအသိအမှတ်ပြုလက်မှတ် ပေးအပ်သည့် အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ကျင်းပရာ ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီး ဦးခင်မောင်ကြီး တက်ရောက်၍  အမှာစကားပြောကြားသည်။

အခန်းအနားသို့ Video Conferencing ဖြင့် အထက်တန်းရှေ့နေ (၂၀၄) ဦး တက်ရောက်ကြပြီး၊ နေပြည်တော်ကောင်စီနယ်မြေနှင့် မန္တလေးမြို့တို့မှ အထက်တန်း ရှေ့နေ (၅၅) ဦးတို့ ကိုယ်တိုင်တက်ရောက်ကြကာ အထက်တန်းရှေ့နေ စုစုပေါင်း  (၂၅၉) ဦး တို့ကို တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြု လက်မှတ်များပေးအပ်ပြီး တရားလွှတ်တော် ရှေ့နေအသိအမှတ်ပြု လက်မှတ်ရရှိသူများက ကတိသစ္စာပြုကြသည်။

အခမ်းအနားသို့ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးမှ တာဝန်ရှိသုများ ရှေ့နေရှေ့ရပ်နှင့် စစ်ဆေးရေးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်