နေပြည်တော်    နိုဝင်ဘာ    ၂၉

 

ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ခရီးသွားလုပ်ငန်းဝန်ကြီးများနှင့် အဆင့်မြင့် အရာရှိကြီးများပါဝင်သည့် စီအယ်လ်အမ်ဗွီ (CLMV)နှင့် အက်ခ်မက် (ACMECS) ခရီးသွား လုပ်ငန်းဝန်ကြီး များနှင့် အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးများကို နိုဝင်ဘာ ၂၇ ရက်မှ ၂၉ ရက်အထိ ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်တွင် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည်။

 

ယနေ့နံနက်ပိုင်းတွင် ()ကြိမ်မြောက် စီအယ်လ်အမ်ဗွ ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးကို ဆက်လက် ကျင်းပရာ အလှည့်ကျအိမ်ရှင်နှင့် အစည်းအဝေးဥက္ကဋ္ဌအဖြစ် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က ဆောင်ရွက်ပြီး အဖွဲ့ဝင်နိုင်ငံများမှ ခရီးသွား လုပ်ငန်းဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ ပါဝင်တက်ရောက်ကြသည်။

 

အဆိုပါအစည်းအဝေးတွင် ဒေသတွင်းခရီးသွားလာရေး လွယ်ကူချောမွေ့စေရေးနှင့် ပြည်ဝင်လုပ်ထုံးလုပ်နည်းများ ရှင်းလင်းလွယ်ကူစေရေး၊ ဒေသတွင်း ခရီးသွားနေရာများ ချိတ်ဆက်ဆောင်ရွက်ရေး၊ အလှမ်းဝေးသော ခရီးသွားဈေးကွက်များမှ တိုက်ရိုက်လေကြောင်း ခရီးစဉ်များ တိုးချဲ့ပျံသန်းမှုများ မြှင့်တင်ရေး၊ ကိုဗစ်-၁၉ ကပ်ရောဂါအလွန် ဒေသတွင်းခရီးသွားလုပ်ငန်းများကို ပြန်လည်အသက်ဝင်လာစေရန် အတူတကွ ပူးပေါင်းဆောင်ရွက်ရေး၊ စီအယ်လ်အမ်ဗွီနိုင်ငံများသို့ မီဒီယာနှင့်ပုဂ္ဂလိကကဏ္ဍများအတွက် ရင်းနှီးကျွမ်းဝင်မှု ခရီးစဉ်များစီစဉ်ရေး စီအယ်လ်အမ်ဗွီ ခရီးသွားလုပ်ငန်း website  သို့မဟုတ် သတင်းအချက် အလက်ဒေတာ ဘေ့စ်များတည်ထောင်ရေး နိုင်ငံတကာ ခရီးသွားပွဲများကျင်းပခြင်းနှင့် ပူးပေါင်းပြသခြင်းစသည့် ပူးတွဲခရီး သွားလုပ်ငန်း မြှင့်တင်ခြင်းများဆောင်ရွက်ရေး၊ လူမှုရေးမီဒီယာ ပလက်ဖောင်းများမှတစ်ဆင့် ကုန်ကျစရိတ် သက်သာသော ပူးတွဲဒစ်ဂျစ်တယ် စျေးကွက်ရှာဖွေရေးနှင့် မြှင့်တင်ရေးကမ်ပိန်းများ ဆောင်ရွက်ရေးတို့ကို ဆွေးနွေးအတည် ပြုကြသည်။

 

ထို့ပြင် စီအယ်လ်အမ်ဗွီ ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် ၂၀၂၃-၂၀၂၅ အရ အဖွဲ့ဝင် နိုင်ငံများမှ ဒေသတွင်း ခရီးသွားလာရေး လွယ်ကူချောမွေ့စေရေးနှင့် ဗီဇာများဖြေလျော့ပေးရေး ဒေသတွင်းခရီးသွားပြပွဲများ ကျင်းပပြုလုပ်မှုနှင့် အဖွဲ့ဝင်နိုင်ငံများမှ ပါဝင်ပြသမှုအခြေအနေ မိတ်ဖက်အဖွဲ့ အစည်းများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်း ဆောင်ရွက်နေမှု အခြေအနေဒေသတွင်း ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များ၊ စီအယ်လ်အမ်ဗွီ ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ကို ၂၀၂၅-၂၀၂၆ အဖြစ် သက်တမ်းတိုးပြင်ဆင်မှုနှင့် ()ကြိမ်မြောက် စီအယ်လ်အမ်ဗွ ခရီးသွား လုပ်ငန်းဝန်ကြီးများ အစည်းအဝေးကို ဗီယက်နမ်နိုင်ငံမှ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက် သွားမည့်အခြေအနေတို့ကို အတည်ပြုခဲ့ကြသည်။

 

အစည်းအဝေးအပြီးတွင် ()ကြိမ်မြောက် စီအယ််အမ်ဗွ ခရီးသွားလုပ်ငန်းဝန်ကြီး များ အစည်းအဝေး သတင်းစာရှင်းလင်းပွဲကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက ဒေသတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ခဲ့မှုဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်း စဉ်များနှင့်ပူးတွဲသတင်း ထုတ်ပြန်ချက်ထုတ်ပြန်နိုင်ခဲ့မှုတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ရန်ကုန်မြို့ အခြေစိုက် ပြည်တွင်းပြည်ပသတင်း မီဒီယာများ၏ သိရှိလိုသည်များကို ပြန်လည်ရှင်းလင်းဖြေကြား ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)