နေပြည်တော်၊ နိုဝင်ဘာ ၂၉

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၂၇ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့၊ ရတနာပုံ တံတားပူးပေါင်းစစ်ဆေးရေး ဂိတ်၌ လိုင်စင်မဲ့ Nissan AD Van မော်တော်ယာဉ် (၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၉,၅၀၀,၀၀၀) ကိုလည်းကောင်း၊ ကံတလူပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Toyota Crown မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉,၅၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉,၀၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်အောင်ခရိုင်နှင့် ပုသိမ်ခရိုင် တို့အတွင်း၌ တရားမဝင် အခြားသစ်(၈ ဒသမ ၂၁၂)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၁၁၆,၈၈၆)ကို သစ်တော ဥပဒေအရ လည်းကောင်း၊ ညောင်တုန်းမြို့နယ်၊ ဆင်ထုံးကျေးရွာအုပ်စု၌ တရားဝင် သယ်ဆောင်ခွင့် အထောက် အထား တင်ပြနိုင်ခြင်းမရှိသည့် နို့စားနွား(၁၂)ကောင် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉,၀၀၀,၀၀၀) ကို အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရလည်းကောင်း၊ မြောင်းမြ ခရိုင်အတွင်း၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် (၂)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၅၆၆,၈၈၆)ကို ဖမ်းဆီးအရေးယူဆောင်ရွက် လျက်ရှိသည်။

 

ထို့အတူ တနင်္သာရီတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲ မှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြိတ်မြို့၊ ကားကြီးဝင်းအသစ်၊ မိုးကောင်းကင်ဂိတ်၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် လုပ်ငန်းသုံး ပစ္စည်း (၁)မျိုး၊ လူသုံးကုန်ပစ္စည်း (၁)မျိုး စားသောက်ကုန်ပစ္စည်း (၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၈၄၂,၂၀၀)ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ ထားဝယ်မြို့၊ ဇရစ်ရပ်ကွက်၌ လိုင်စင်မဲ့ Toyota Crown မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၀၀၀,၀၀၀)ကို ပို့ကုန် သွင်းကုန်ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆,၈၄၂,၂၀၀)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ တရားမဝင် အခြားသစ် တန် (၀ ဒသမ ၈၈၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀,၀၀၂)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေး မှုများ ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၂၇ ရက်တွင် အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ (၄)လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့်
လုပ်ငန်းသုံးပစ္စည်း(၃)မျိုး၊ လူသုံးကုန်ပစ္စည်း(၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၇
,၆၇၈,၀၀၀)ကို လည်းကောင်း၊ နိုဝင်ဘာ ၂၈ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ်(သွင်းကုန်)၌ သွင်းကုန်လိုင်စင် တင်ပြနိုင်ခြင်း မရှိသည့် လုပ်ငန်းသုံးပစ္စည်း (၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၄၇၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၉,၁၄၈,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၂၇ ရက်တွင် အမရပူရ မြို့နယ်၊ ရတနာပုံတံတား(ဧရာဝတီ)အနီး၌ မော်တော်ယာဉ် (၁)စီးပေါ်မှ တရားမဝင် ကျွန်းသစ် (၀.၉၂၇)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၂၄၅,၉၀၀)နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် Nissan Atlads မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀,၀၀၀,၀၀၀)နှင့် ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ခြေ အနီး၌ မော်တော်ယာဉ်(၁)စီးပေါ်မှ တရားမဝင် အခြားသစ်(၀.၉၂၄)တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၁,၅၈၀)နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် ထော်လာဂျီ(၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂,၅၀၀,၀၀၀)တို့ကို သစ်တောဥပဒေအရလည်းကောင်း၊ နိုဝင်ဘာ ၂၈ ရက်တွင် မြစ်ငယ် စစ်ဆေးရေးစခန်း၌ ရန်ကုန်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် (၄)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း (၃)မျိုး၊  လူသုံးကုန်ပစ္စည်း(၃)မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၈၇,၅၉၇,၈၂၄)၊ အဆိုပါပစ္စည်းများ တင်ဆောင် လာသည့် Hino Profia Truck (၁)စီး၊ Mitsubishi Canter Truck (၁)စီး၊ Nissan Diesel Truck (၁)စီး၊ Hino Profia Tractor Head (၁)စီးနှင့် နောက်တွဲယာဉ်(၁)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၁,၀၀၀,၀၀၀)နှင့်  ကျောက်ဆည်မြို့၊ မြို့ရှောင်လမ်း၌ မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့်  လူသုံးကုန် ပစ္စည်း(၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂,၉၈၄,၀၉၀)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Scania Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀,၀၀၀,၀၀၀)တို့ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၆၇,၃၆၉,၃၉၄)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက် လျက်ရှိသည်။

 

ထို့အတူ ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၂၇ ရက်တွင် လှိုင်သာယာ အရှေ့ပိုင်းမြို့နယ်၊ မြတောင်ဝန်ကြီးဦးမှိုလမ်း၊ အမှတ်(၂၃၁/ခ)ရှိ ဂိုထောင်(၁)လုံးအတွင်းမှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် လူသုံးကုန်ပစ္စည်း (၁)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၄,၀၀၀,၀၀၀)ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ နိုဝင်ဘာ ၂၈ ရက် တွင် ရွှေပြည်သာမြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ယာဉ်(၂)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၃,၀၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ တိုက်ကြီးမြို့နယ်၊ မာဂရီချောင်းအနီး၌ တရားမဝင် အခြားသစ် (၂ ဒသမ ၀၃၄)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၆၇,၅၄၀)ကို သစ်တောဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇,၆၆၇, ၅၄၀)ကို ဖမ်းဆီး အရေးယူ ဆောင်ရွက်လျက်ရှိသည်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၃၂)မှု၊ (ခန့်မှန်း တန်ဖိုးငွေကျပ် ၁,၁၁၀,၇၉၄,၀၂၂)ကို ဖမ်းဆီးရမိသည်။ တရားမဝင် တင်သွင်းလာမှု များကြောင့် တရားဝင် တင်သွင်းသည့် ကုန်သည်လုပ်ငန်းရှင်များအတွက် ထိခိုက်နစ်နာမှုနှင့် စျေးကွက် ယှဉ်ပြိုင်နိုင်မှုစွမ်းအား ကျဆင်းခြင်းတို့ ဖြစ်ပေါ်စေပြီး နိုင်ငံတော်အတွက် အခွန်ဆုံးရှုံး နစ်နာခြင်းများ ဖြစ်ပေါ်စေသည်။ သို့ဖြစ်၍ ဆိပ်ကမ်းများနှင့် နယ်စပ်ဒေသများမှ တရားမဝင်ကုန်စည်တင်သွင်းမှုများအား သက်ဆိုင်ရာတာဝန်ရှိသ ူများမှ ယခုထက်ပိုမိုတားဆီးစစ်ဆေး ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း    တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

(သတင်းစဉ်)