နေပြည်တော် ဒီဇင်ဘာ ၃
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင် သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင်နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၂၂ ဒသမ ၃၀၆၆)တန်၊ သစ်မာ (၅ ဒသမ ၄၁၈၆)တန်၊ အခြား (၃၃ ဒသမ ၃၈၉၂)တန်၊ စုစုပေါင်း (၆၁ ဒသမ ၁၁၄၄) တန်၊ ယာဉ်/ ယန္တရား (၁၀)စီး၊ တရားခံ (၁၇)ဦး ဖမ်းဆီးရမိကြောင်း သိရသည်။
(သတင်းစဉ်)