နေပြည်တော် ဒီဇင်ဘာ ၄ 

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲအုပ်စုပွဲ ပွဲစဉ်များကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ သတ်မှတ်ထားသော အားကစား ကွင်း/ရုံများ၌ ဆက်လက်ယှဉ်ပြိုင် ကစားကြသည်။ 

ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိ အားကစားကွင်း (A)ရုံ၌ ကျင်းပရာ အမျိုးသားနှစ်ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပဲခူး တိုင်းဒေသကြီးအသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို နှစ်ပွဲပြတ်၊ မကွေးတိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသ ကြီးအသင်းကို နှစ်ပွဲ-တစ်ပွဲ၊ ကရင် ပြည်နယ်အသင်းက ချင်းပြည်နယ် အသင်းကို နှစ်ပွဲပြတ်၊ ရန်ကုန် တိုင်းဒေသကြီးအသင်းက ရှမ်းပြည်နယ်အသင်းကို နှစ်ပွဲပြတ်၊ တနင်္သာရီတိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို နှစ်ပွဲ တစ်ပွဲ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက ရခိုင်ပြည်နယ်အသင်းကို နှစ်ပွဲပြတ်၊ ကချင်ပြည်နယ်အသင်းက ကယားပြည်နယ်အသင်းကို နှစ်ပွဲ-တစ်ပွဲ ဖြင့်လည်းကောင်း၊ ပဲခူးတိုင်း ဒေသကြီးအသင်းက ဧရာဝတီ တိုင်းဒေသကြီးအသင်းကို နှစ်ပွဲပြတ်၊ မန္တလေးတိုင်းဒေသကြီး အသင်းက မကွေးတိုင်းဒေသကြီး အသင်းကို နှစ်ပွဲပြတ်၊ ကရင် ပြည်နယ်အသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို နှစ်ပွဲပြတ်၊ ရှမ်းပြည်နယ်အသင်းက ချင်းပြည်နယ်အသင်းကို နှစ်ပွဲပြတ်၊ ပြည်ထောင်စုနယ်မြေ နေပြည် တော်အသင်းက မွန်ပြည်နယ် အသင်းကို နှစ်ပွဲ-တစ်ပွဲ၊ တနင်္သာရီ တိုင်းဒေသကြီးအသင်းက ရခိုင်ပြည်နယ်အသင်းကို နှစ်ပွဲပြတ်၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်းကို နှစ်ပွဲ ပြတ်ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။ 

အမျိုးသမီး နှစ်ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ကရင်ပြည်နယ်အသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို နှစ်ပွဲပြတ်၊ မကွေးတိုင်းဒေသကြီး အသင်းက မန္တလေးတိုင်းဒေသကြီး အသင်းကို နှစ်ပွဲပြတ်၊ ရန်ကုန် တိုင်းဒေသကြီးအသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို နှစ်ပွဲ တစ်ပွဲ၊ ပဲခူးတိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို နှစ်ပွဲ-တစ်ပွဲဖြင့်လည်းကောင်း၊ ရခိုင်ပြည်နယ်အသင်းက ရှမ်းပြည်နယ်အသင်းကို နှစ်ပွဲပြတ်၊ မန္တလေးတိုင်းဒေသကြီးအသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို နှစ်ပွဲပြတ်၊ မကွေးတိုင်းဒေသကြီးအသင်းက ကရင်ပြည်နယ်အသင်းကို နှစ်ပွဲ-တစ်ပွဲ၊ စစ်ကိုင်းတိုင်းဒေသကြီး အသင်းက တနင်္သာရီတိုင်းဒေသ ကြီးအသင်းကို နှစ်ပွဲပြတ်၊ မွန် ပြည်နယ်အသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို နှစ်ပွဲ တစ်ပွဲ၊ ရခိုင်ပြည်နယ်အသင်းက ကချင်ပြည်နယ်အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။ 

ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၂၃) နှစ်အောက် ဘတ်စကက်ဘောပြိုင်ပွဲကို ရွှေကြာ ပင်အားကစားရုံ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအသင်းက ပြည်ထောင်စုနယ်မြေ နေပြည် တော်အသင်းကို ရမှတ်(၈၃-၃၀)မှတ်ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အသင်းက တနင်္သာရီတိုင်းဒေသကြီး အသင်း ကို ရမှတ် (၇၉-၃၂) မှတ်ဖြင့် လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသ ကြီးအသင်းကို ရမှတ်(၉၆-၆၆) မှတ်ဖြင့် လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းက ကယား ပြည်နယ်အသင်းကို ရမှတ် (၇၀-၃၄) မှတ်ဖြင့် လည်းကောင်း၊ ကချင်ပြည်နယ်အသင်းက မကွေးတိုင်းဒေသကြီးအသင်းကို ရမှတ် (၇၅-၂၆) မှတ်ဖြင့် လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။ 

ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲ ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဖူဆယ် အားကစားရုံ၌ကျင်းပရာ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ရခိုင်ပြည်နယ်အသင်းက ကရင်ပြည်နယ်အသင်းကို လေးဂိုး- နှစ်ဂိုး၊ မကွေးတိုင်းဒေသကြီးအသင်း က မွန်ပြည်နယ်အသင်းကို နှစ်ဂိုး- ဂိုးမရှိ၊ ရှမ်းပြည်နယ်အသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို ငါးဂိုး - တစ်ဂိုး၊ မန္တလေးတိုင်းဒေသကြီးအသင်းက ကယားပြည်နယ် အသင်းကို ခြောက်ဂိုး - ဂိုးမရှိ၊ ကချင်ပြည်နယ်အသင်းက ချင်း ပြည်နယ်အသင်းကို ၁၀ဂိုး-တစ်ဂိုး၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို နှစ်ဂိုး- ဂိုးမရှိဖြင့် လည်းကောင်း၊ အမျိုး သမီး ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်းကို တစ်ဂိုး- ဂိုးမရှိ၊ မွန်ပြည်နယ်အသင်းက ကရင်ပြည်နယ်အသင်းကို သုံးဂိုး- ဂိုးမရှိ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို ငါးဂိုး-တစ်ဂိုး ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။ 

ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၀)နှစ်အောက်ဘော်လီ ဘောပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိ အားကစားကွင်း(B)ရုံ၌ ကျင်းပရာ အမျိုးသား ဘော်လီဘောပြိုင်ပွဲ တွင် ကယားပြည်နယ်အသင်းက မကွေးတိုင်းဒေသကြီးအသင်းကို သုံးပွဲ-နှစ်ပွဲ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို သုံးပွဲ- နှစ်ပွဲ၊ မန္တလေးတိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို သုံးပွဲပြတ်ဖြင့် လည်းကောင်း၊အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်း က ဧရာဝတီတိုင်းဒေသကြီး အသင်းကို သုံးပွဲပြတ်၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ကရင် ပြည်နယ်အသင်းကို သုံးပွဲ-နှစ်ပွဲ ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြ သည်။ 

ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၁)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိ အားကစားကွင်း လေ့ကျင့်ရေး ကွင်း(၃)/ (၄) တို့တွင် ယှဉ်ပြိုင် ကစားကြရာ မွန်ပြည်နယ်အသင်း နှင့် ချင်းပြည်နယ်အသင်းတို့က ဂိုးမရှိသရေဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီးအသင်းကို လေးဂိုး-တစ်ဂိုးဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။ 

ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ပွဲစဉ်များကို ဘောဂဝတီ အားကစားကွင်းနှင့် လယ်ဝေးမြို့နယ် အားကစားကွင်းတို့၌ ယှဉ်ပြိုင်ကစားကြရာ ပဲခူးတိုင်းဒေသကြီးအသင်းနှင့် ရခိုင်ပြည်နယ်အသင်းတို့က တစ်ဖက်နှစ်ဂိုးစီဖြင့် လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြသည်။ 

ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲ များကို ပေါင်းလောင်းအားကစားကွင်း၊ ရွှေကြာပင်အားကစားကွင်းနှင့် လယ်ဝေး TC-2 အားကစားကွင်းတို့၌ ယှဉ်ပြိုင်ကစားကြရာ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းက စွမ်းအင်ဝန်ကြီးဌာနအသင်းကို နှစ်ဂိုး-ဂိုးမရှိ ဖြင့်လည်းကောင်း၊ ပြန်ကြားရေး ဝန်ကြီးဌာနအသင်းက လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းက တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနအသင်းကို ငါးဂိုး- ဂိုးမရှိဖြင့်လည်းကောင်း အနိုင်ရရှိ ခဲ့ကြသည်။ 

ယနေ့ကျင်းပသည့် အားကစားပြိုင်ပွဲများသို့ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာန ဆိုင်ရာများ၊ အားကစားနည်း အလိုက်အဖွဲ့ချုပ်များမှ တာဝန် ရှိသူများ၊ ဝန်ထမ်းများ၊ ကျောင်း သား ကျောင်းသူများနှင့် အားကစား ဝါသနာရှင်ပြည်သူများ စိတ်ပါဝင် စားစွာ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ 


အမျိုးသားအားကစားပွဲတော် ကို ရန်ကုန်မြို့၌ ၁၉၉၂ ခုနှစ်တွင် ပထမအကြိမ်၊ ၁၉၉၄ ခုနှစ်တွင် ဒုတိယအကြိမ်၊ ၁၉၉၇ ခုနှစ်တွင် တတိယအကြိမ် ကျင်းပခဲ့ပြီး နေပြည်တော်၌ ၂၀၁၅ ခုနှစ်တွင် စတုတ္ထအကြိမ် ကျင်းပခဲ့ကာ ယခု ၂၀၂၄ ခုနှစ်တွင် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးကို ပြန်လည်ကျင်းပနိုင်ခဲ့ခြင်းဖြစ်ပြီး အားကစားသမား ၉၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ကစားလျက်ရှိကြောင်း သိရသည်။ 

မသန်စွမ်းရေကူး (အမျိုးသား/ အမျိုးသမီး) မီတာ(၅၀)အလွတ် ကူးပြိုင်ပွဲနှင့် ရင်ပေါင်တန်းကူး ပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိရေကူးကန်၌ လည်းကောင်း၊ မသန်စွမ်းမျက်မြင် စစ်တုရင်(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများကို လယ်ဝေးအားကစား ကွင်း၌လည်းကောင်း၊ မသန်စွမ်း ထိုင်လျက် ဘော်လီဘော (အမျိုး သား)ပြိုင်ပွဲနှင့် မသန်စွမ်းပြေးခုန်ပစ် (အမျိုးသား / အမျိုးသမီး) ပြိုင်ပွဲများကို လယ်ဝေး TC-2 အားကစားကွင်း၌လည်းကောင်း ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းမှ စတင်၍ ယှဉ်ပြိုင်ကစားသွား ကြမည်ဖြစ်ရာ အားကစား ဝါသနာရှင် မိဘပြည်သူများ အနေဖြင့် မည်သူမဆို လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။

သတင်းစဉ်