မြန်အောင် ဒီဇင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ မြို့မနေခြည်စျေးရှေ့တွင် ယနေ့နံနက်က ကြက်ဥတစ်လုံး (၃၇၀) ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်းသိရသည်။
မြန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနနှင့် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဝန်ထမ်းများက မြန်အောင်မြို့၊ အင်ပင်မြို့၊ ကနောင်မြို့တို့၌ ကြက်ဥတစ်လုံး (၃၇၀) ကျပ်နှုန်းဖြင့် ကြက်ဥအလုံး (၄၀၀၀) အား စားသုံးသူများ သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဝင်းဗိုလ်၊ မြန်အောင်(ပြန်/ဆက်)


