မင်းဘူး  ဒီဇင်ဘာ  ၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် မင်းဘူးမြို့ မှန်ကင်းဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း  ဝတ်ကြီးလိုဏ်ဂူမှ အင်းဝခေတ် နံရံဆေးပန်းချီများ မူလလက်ရာအတိုင်း ပြန်လည်ပြုပြင်နိုင်ရန်  ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးလွင်နှင့် တာဝန်ရှိသူများ ဒီဇင်ဘာ ၇ ရက် နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဝတ်ကြီးလိုဏ်ဂူမှ နံရံဆေးပန်းချီများသည် ရှေးနှစ်ပေါင်း ၂၀၀ ကျော် အင်းဝခေတ်က လက်ရာရာများဖြစ်သည်။ မင်းဘူးဆရာတော် ဦးဩဘာသ ရေးသားခဲ့သော ဇာတ်တော်ကြီးများ၊ ရှင်ပညာတိက္ခ ရေးသားသော သုဝဏ္ဏသာမဇာတ်နှင့် ရှင်နန္ဒမေဓာက ရေးသားသော ဘူရိဒတ်ဇာတ်တော်ကြီးများကို အသက်ဝင်စွာ ရေးဆွဲပုံဖော်ထားပြီး ယခုအချိန်တွင် လက်ရာများ ပျက်စီးယိုယွင်းနေပြီ ဖြစ်သည်။

ထို့ကြောင့် ပြန်လည်ပြုပြင်ခြင်းကို မှန်ကင်းကျောင်းတိုက် နာယကဆရာတော် ဘဒ္ဒန္တပုညအား အမှူးထား၍၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ရှေးမူလက်ရာအတိုင်း  ဘုရားပွဲတော်ရာသီအမီ ပုဂံဒေသမှ နံရံပန်းချီရေးဆွဲသည့် အတတ်ပညာရှင်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

ဇေယျာနိုင်(ရွှေကန်မြေ)