ရန်ကုန် ဒီဇင်ဘာ ၈
ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဉီးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့က ကြီးမှူးကျင်းပသည့် ဂေါပကအဖွဲ့ရုံး ဝန်ထမ်းများနှင့် ဘုရားဖူးလာပြည်သူများ ဆဋ္ဌမအကြိမ် ဒါနဥပပါရမီ စုပေါင်းမေတ္တာ သွေးလှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီတွင် အဆိုပါစေတီတော် ဆိပ်ကမ်းလုပ်သားပေါင်းစုံ ဓမ္မာရုံ၌ ကျင်းပသည်။
ဉီးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဉီးစေတီတော် အလှည့်ကျသဘာပတိ ဂေါပက အဖွဲ့ဝင် ဉီးအောင်ကိုဇော်က သွေးလှူဒါန်းပွဲကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ဝမ်းသာပီတိစကား ပြောကြားပြီး ရန်ကုန်ဆေးရုံကြီးအမျိုးသား သွေးလှူဌာနမှ ဒေါက်တာသန္တာက သွေးလှူဒါန်းရခြင်းနှင့်ပတ်သက်၍ရှင်းလင်းပြောကြားသည်။
ယင်းနောက်သွေးလှူဒါန်းကြမည့် စေတီတော်ဂေါပကရုံး ဝန်ထမ်းများနှင့်ဘုရားဖူးလာ သွေးလှူရှင်ပြည်သူများကိုအမျိုးသား သွေးလှူဌာနမှတာ၀န်ခံဆရာ၀န်များနှင့် ကျန်းမာရေး ၀န်ထမ်းများက သွေးအမျိုးအစားခွဲပေးခြင်း၊ ကျန်းမာရေးဆိုင်ရာများ စစ်ဆေးပေးခြင်းတို့ကို ကူညီဆောင်ရွက်ပေးကြသည်။
ထို့နောက်ဂေါပကအဖွဲ့၀င်များနှင့် တာ၀န်ရှိသူများက ဂေါပကရုံး၀န်ထမ်းများနှင့် ဘုရားဖူးလာ သွေးလှူရှင်များက သွေးလှူဒါန်းနေမှု ကို ကြည့်ရူအားပေးကာ သွေးလှူဒါန်းကြသည့် သွေးလှူရှင်များကို စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ တီရှပ်အင်္ကျီများ၊ အလှူရှင်များကအအေး၊ ကြက်ဥ၊ ဌက်ပျောသီး၊ နွားနို့စသည့် အာဟာရ အစားအစာများ၊ အမျိုးသားသွေးလှူဌာနမှ သံဓါတ်အားဆေးများ စသည့်တို့ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဇော်မင်းလတ် (MNA)


