ပေကျင်း ဒီဇင်ဘာ ၈
တရုတ်နိုင်ငံ၏ နွေဦးပွဲတော်ကို ယူနက်စကိုက ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ဒီဇင်ဘာ ၄ ရက်က ထည့်သွင်းသတ်မှတ်ခဲ့ကြောင်း ဂလိုဘယ် တိုင်းစ်သတင်းစာသတင်းအရ သိရသည်။
ပါရာဂွေးနိုင်ငံ မြို့တော်အာဆွန်စီယွန်တွင် ကျင်းပခဲ့သည့် ယူနက်စကိုအဖွဲ့၏ (၁၉) ကြိမ်မြောက် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ အစိုးရများကြား ကော်မတီ၏ အမြဲတမ်း အစည်းအဝေးတွင် အထက်ပါအတိုင်း သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ယူနက်စကို၏ ယခုကဲ့သို့ အသိအမှတ်ပြုမှုကြောင့် တရုတ်နိုင်ငံ၏ ရိုးရာဓလေ့ထုံးတမ်းများသည် အနာဂတ်တွင် ကမ္ဘာတစ်ဝန်း ရေပန်းစားလာမည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားသည်။
တရုတ်နိုင်ငံ၏ နွေဦးပွဲတော်ကို ယူနက်စကိုက ဒြပ်မဲ့ယဉ်ကျေးမှုအဖြစ် သတ်မှတ်ခဲ့ခြင်းအပေါ် ဝမ်းမြောက်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူ လင်ဂျန်းက ပြောကြားသည်။ နွေဦးပွဲတော်သည် တရုတ်နိုင်ငံတွင် မိသားစုများ ပြန်လည်ဆုံတွေ့သည့် အရေးကြီးသည့် ပွဲတော်ဖြစ်ပြီး ပွဲတော်ကျင်းပချိန်တွင် ကံကောင်းခြင်းကို ဖော်ပြသည့် ဖူ ဟု အမည်ရသည့် စာတန်းကို ရေးဆွဲခြင်း၊ ပေါက်စီပြုလုပ်ခြင်း၊ နဂါးအကနှင့် ခြင်္သေ့အကများ ကခြင်းတို့ကို တရုတ်လူမျိုးများက ဆောင်ရွက်ကြကြောင်း သိရသည်။
နွေဦးပွဲတော်သည် တရုတ်နိုင်ငံသားများ တန်ဖိုးထားသည့် ငြိမ်းချမ်းရေး၊ ချစ်ခင်ရင်းနှီးမှုနှင့် သဟဇာတဖြစ်မှုကို ဖော်ညွှန်းကြောင်း သိရသည်။
ကိုးကား-ဂလိုဘယ်တိုင်းစ်
ဘာသာပြန်-စိုးသူရ