ရန်ကုန် ဒီဇင်ဘာ ၉
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) အရာထမ်း အခြေခံသင်တန်းအမှတ်စဉ် (၂၂၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်၈နာရီတွင် အဆိုပါတက္ကသိုလ် ရတနာသိင်္ဃခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများတက်ရောက်ကြပြီး ပါမောက္ခချုပ် ဦးကျော်ထွေးက သင်တန်းဖွင့်အမှာစကား ပြောကြားသည်။
အရာထမ်း အခြေခံသင်တန်းအမှတ်စဉ် (၂၂၂) သို့ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ သင်တန်းသား (၈၉) ဦး၊ သင်တန်းသူ (၁၀၄) ဦး၊ စုစုပေါင်း (၁၉၃) ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တပတ် ၁၀ ပတ် ကြာမြင့်မည်ဖြစ်ကြောင်းသိရသည်။
သတင်းစဉ်


