နေပြည်တော် ဒီဇင်ဘာ ၁၀
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင် ဦးမင်းဦး၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ကျောက်ချက်ကျေးရွာနှင့် အိုင်စောက်ကျေးရွာအကြား ရာဂီမုန်တိုင်း အရှိန်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရေဆင်းဆည်ရေသောက်စနစ် လက်ယာ ၂ မြောင်းမကြီး ပေတိုင်- ပေ ၂၉၅၀၀ မှ ၃၅၉၉၀ အတွင်း ရေပေးမြောင်း ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။
ထို့နောက် ဇေယျာသီရိမြို့နယ်၊ သစ်တပ်ကျေးရွာအနီး ပင်လောင်းလမ်းဆုံ၊ ရန်ကုန်-မန္တလေးပြည်ထောင်စုလမ်းမကြီး လမ်းဘေးဝဲ/ယာရှိ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး ကြည့်ရှုစစ်ဆေးပြီး ရေမြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေး တာဝန်ရှိသူများကို မှာကြားသည်။
ယင်းနောက် ဇေယျာသီရိမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ ရေဆင်းငါးလုပ်ငန်းစခန်းသို့ ရောက်ရှိပြီး ရေဆင်းငါးလုပ်ငန်းစခန်း ငါးမွေးမြူရေးကန်များ၊ ငါးသားဖောက်ကန်များကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။
သတင်းစဉ်


