ဒီဇင်ဘာ ၁၂
မော်လတာနိုင်ငံတကာလေဆိပ်သို့ ယခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ခရီးသွား ၈ ဒသမ ၃ သန်းကျော် ဝင်ရောက်မှုရှိကြောင်း ၎င်းလေဆိပ်က ယမန်နေ့ကသတင်းထုတ်ပြန်ခဲ့သည်။
လွန်ခဲ့သောနှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ယခုနှစ်ခရီးသွားဝင်ရောက်မှုသည် ယခင်နှစ်ခရီးသွားဝင်ရောက်မှုထက် ၁၅ ရာခိုင်နှုန်းပိုမိုများပြားခဲ့သည်ဟု သိရသည်။
အဆိုပါလေဆိပ်သို့ ခရီးသွားဝင်ရောက်မှုသည် နိုဝင်ဘာလအတွင်းမှာပင် ၆၃၀၆၃၇ ဦး ရှိရာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလက ခရီးသွားဝင်ရောက်မှုနှင့်နှိုင်းယှဉ်ပါက ၁၉ ဒသမ ၂ ရာခိုင်နှုန်း ပိုမိုကြောင်း ဖော်ပြထားသည်။
၂၀၂၄ ခုနှစ် ပထမ ၁၀ လအတွင်း ခရီးသွားဝင်ရောက်မှု ၃၁၀၈၃၅၂ ဦး ရှိကြောင်း အမျိုးသားစာရင်းအင်းရုံးမှ နောက်ဆုံးကိန်းဂဏန်းဖော်ပြချက်အရသိရသည်။ စုစုပေါင်းခရီးသွားအသုံးစရိတ်မှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၀၄ ဘီလီယံ ရှိသည်ဟုခန့်မှန်းထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို