နေပြည်တော် ဒီဇင်ဘာ ၁၂

 

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်၊ သစ်ဆိမ့်ပင် ကျေးရွာအုပ်စု အဆင့်မြင့်စံပြ လယ်ယာမြေ၌ နေပြည်တော် စက်မှုလယ်ယာဦးစီးဌာနမှ မြေဩဇာ ကြဲပက်စက်၊ အစေ့ချစက်၊ စပါးရိုးပြတ်ဖြတ်စက်၊ ဆေးဖျန်းစက်များဖြင့် သရုပ်ပြစိုက်ပျိုးခြင်းကို သွားရောက်ကြည့်ရှုအားပေးသည်။

 

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ယခုသရုပ်ပြသမှုကို တောင်သူများအနေဖြင့် လေ့လာပြီး မိမိတို့စိုက်ပျိုးရေးလုပ်ငန်းများတွင် ပြန်လည်အသုံးပြုကြစေလိုကြောင်း ပြောကြားပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးတို့က တောင်သူများကို ဆောင်းသီးနှံ ပဲပုတ်မျိုးစေ့များနှင့် သွင်းအားစုများ ပေးအပ်ကြသည်။

 

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် လယ်ဝေးမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၌ ပျိုးဥယျာဉ်တွင် ပျိုးပင်များ ပျိုးထောင်ထားရှိမှု အခြေအနေနှင့် လယ်ဝေးမြို့နယ်အတွင်း ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး လမ်းဘးဝဲယာ လမ်းတိုးချဲဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ စည်ပိုင်းကျေးရွာအုပ်စု၊ ချမ်းသာကြီးကျေးရွာရှိ “လပြည့်ဝန်း” ပဲဆီသန့်နှင့် မြေပဲ၊ မတ်ပဲ၊ နှမ်း ရောင်းဝယ်ရေးလုပ်ငန်း၌ မြေပဲကြိတ်ခွဲနေမှုနှင့် ဆီစက်လုပ်ငန်းလည်ပတ်နေမှု အခြေအနေများကို လည်းကောင်း၊ ဒက္ခိဏသီရိမြို့နယ် April Four Co.,ltd Happy Goal သစ်သီးဖျော်ရည်နှင့် အချိုရည် ထုတ်လုပ်ငန်းနှင့် ရွှေအင်ကြင်းဝက်အူချောင်းလုပ်ငန်း၌ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကိုလည်ကောင်း လည့်လည်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးသည်။

 

ထို့နောက် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ အမျိုးသားပရဆေးဥယျာဉ်သို့ရောက်ရှိပြီး ပရဆေးဥယျာဉ်အတွင်း ဆေးဖက်ဝင်အပင်များ စိုက်ပျိုးထားရှိမှုများ၊ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်