ဒါကာ ဒီဇင်ဘာ  ၁၂

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ မကြာသေး မီ သီတင်းပတ်များအတွင်း အပူချိန်မှာ ထိုးဆင်းလာခဲ့ပြီး ဒါကာမြို့ လေထုအရည်အသွေးမှာ အခြေအနေဆိုးရွားလာခဲ့သည်။ ဒါကာမြို့သည် လေထုညစ်ညမ်းမှုပြဿနာနှင့် ကာလရှည်ကြာ ရင်ဆိုင်ခဲ့ရသည်။

 

ကမ္ဘာတစ်ဝန်း လေထုညစ်ညမ်းမှုအများဆုံးသော မြို့များထဲတွင် ဒါကာမြို့သည် နံပါတ် ၃ နေရာတွင် ရပ်တည်နေသည်။ ဒီဇင်ဘာ ၁၂ ရက် နံနက် ၉ နာရီ တွင် လေထုအရည်အသွေး အညွှန်းကိန်းမှာ ၂၀၆ တွင်ရှိသည်။

 

ဒါကာမြို့ အနီးတစ်ဝိုက် လေထုအရည်အသွေးမှာ ကျန်းမာရေးကို ထိခိုက်စေသည့် အခြေအနေထိဆိုးရွားပြီး ပြည်သူများအနေဖြင့် အပြင်ထွက်သည့်အခါ ပါးစပ်နှာခေါင်းစည်း ဝတ်ဆင်ကြရန်နှင့် ထိခိုက်လွယ်သူများ မလိုအပ်ဘဲအပြင်သို့ ထွက်ခြင်းမှ ရှောင်ရှားကြရန် ဘင်္ဂလားဒေ့ရှ်အစိုးရက ဒီဇင်ဘာ ၁၀ ရက် တွင် သတိပေးချက်ထုတ်ပြန်ခဲ့သည်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ပြောကြားချက်အရ လေထုညစ်ညမ်းမှုကြောင့် ကမ္ဘာတစ်ဝန်း နှစ်စဉ်ခန့်မှန်းခြေအားဖြင့် လူ ခုနစ်သန်းခန့် သေဆုံးသည်ဟု သိရသည်။ အဓိကအားဖြင့် လေဖြတ်ခြင်း၊ နှလုံးရောဂါ၊ နာတာရှည် အဆုတ်လေပြွန်ရောဂါ၊ အဆုတ်ကင်ဆာနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကြောင့် သေဆုံးမှုပိုမိုများပြားလာသည်ဟု သိရသည်။

 

ဆင်ဟွာ