ကဘူးလ်  ဒီဇင်ဘာ  ၁၂

 

အာဖဂန်နစ္စတန်နိုင်ငံ၌ ဒီဇင်ဘာ ၁၁ ရက်က ဝန်ကြီးဌာနအတွင်း အသေခံ ဗုံးခွဲတိုက်ခိုက်မှုကြောင့် အာဖဂန်ဒုက္ခသည်များနှင့် နေရပ်ပြန်ပို့ရေးဝန်ကြီး ခါလီရာမန် ဟစ်ခန်နီ သေဆုံးသွားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ပြော ရေးဆိုခွင့်ရှိသူတစ်ဦးက ပြော ကြားသည်။

 

ဝန်ကြီး ခါလီရာမန်ဟစ်ခန်နီ သည် ဒီဇင်ဘာ ၁၂ ရက် မွန်းလွဲ ပိုင်းက ရက်စက်ကြမ်းကြုတ်သည့် တိုက်ခိုက်မှုတစ်ခုကြောင့် သေဆုံးခဲ့သည်ဆိုသည့် ဝမ်းနည်းကြေကွဲ ဖွယ်သတင်းကိုရရှိခဲ့ကြောင်း မုဖ်တီအဗ္ဗဒူမက်တင်းကာနီက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းအသေခံ ဗုံးခွဲတိုက်ခိုက်မှုတွင် အိုင်အက်စ်အဖွဲ့က တာဝန်ရှိကြောင်း ထုတ်ဖော်ပြောကြားသည်။  ဝန်ကြီး ဟစ်ခန်နီသည် ထူးချွန်သည့် ဂျီဟတ်အဖွဲ့ဝင် တစ်ဦးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အဆိုပါ တိုက်ခိုက်မှုအတွင်း ဟစ်ခန်နီအပါအဝင် လေးဦး သေဆုံးခဲ့ပြီး ၎င်း၏ကိုယ်ရံတော် အပါအဝင် လေးဦးမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ဟစ်ခန်နီသည် ၂၀၂၁ ခုနှစ် အာဖဂန်အိမ်စောင့်အစိုးရ တာဝန်ယူသည့် အချိန်မှစကာ ပထမဆုံးလုပ်ကြံသတ်ဖြတ်ခြင်း ခံရသည့် အစိုးရအဖွဲ့ဝင်ဖြစ်ကြောင်း သိရ သည်။              

 

ဆင်ဟွာ