ရန်ကုန် ဒီဇင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် မိသားစုများနှင့် အမျိုးသမီးကော်မတီဝင် အလှူရှင်များ စုပေါင်း၍ လူမှုဝန်ထမ်းဦးစီးဌာန၊ မသန်စွမ်းကလေးများ ပြုစုစောင့်ရှောက် ရေးဂေဟာသို့ အလှူငွေနှင့် တစ်ကိုယ်ရည်သုံးပစ္စည်းများ လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် မရမ်းကုန်းမြို့နယ် မသန်စွမ်းကလေးများ ပြုစုစောင့်ရှောက်ရေးဂေဟာ၌ ကျင်းပသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်၏ ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများ၏ ဇနီးများ၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့် တာဝန်ရှိသူများသည်  အလှူငွေ ကျပ် သိန်း(၅၀) နှင့် တစ်ကိုယ်ရည်သုံးပစ္စည်းများကို ပေးအပ်လှူဒါန်းကြသည်။

အဆိုပါ လှူဒါန်းပွဲသို့ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နှင့် အမျိုး သမီးရေးရာ အဖွဲ့ အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာ အဖွဲ့ ဥက္ကဌများနှင့် အဖွဲ့ဝင်များ၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ မသန်စွမ်းကလေးများပြုစုစောင့်ရှောက်ရေးဂေဟာ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ၊ အမျိုးသမီးကော်မတီဝင် အလှူရှင်များ၊ ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်