နေပြည်တော် ဒီဇင်ဘာ ၁၄

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၁၃ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်တွင် ကျိုက်ကွမ်း (ခ)အိုက်ကွမ်း မောင်းနှင်ပြီး စိုင်းလ လိုက်ပါလာသော ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၂,၀၀၀ ကိုလည်းကောင်း၊ အလားတူ မွန်းလွဲ ၁ နာရီခွဲတွင် တန့်ယန်းမြို့၊  ရပ်ကွက်(၅)တွင် စိုင်းခမ်းလူ မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၃၀,၀၀၀ ကိုလည်းကောင်း။

ထို့ပြင် ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၁၂ ရက် နံနက် ၈ နာရီခွဲတွင် လွိုင်လင်မြို့နယ်၊ ဟိုတင့်ကျေးရွာအနီး၊ လွိုင်လင်- တောင်ကြီးသွားကားလမ်းတွင် ခွန်နေဝင်း မောင်းနှင်ပြီး စိုးသူ လိုက်ပါလာသည့် Light Truck အမျိုးအစား မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅ ဒသမ ၉ သိန်း ကိုလည်းကောင်းသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား   မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်