နေပြည်တော်၊ ဒီဇင်ဘာ ၁၅

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၁၃ ရက် ည ၇ နာရီ မိနစ် ၄၀ တွင် သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအုပ်စု၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် ဝင်းဇော်အောင် (ခ)နန္ဒ မောင်းနှင်ပြီး သက်နိုင်နှင့် မင်းမင်းအောင် တို့ လိုက်ပါလာသည့် DAIHATSU ATRAI မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၀,၀၀၀၊ မြန်မာငွေကျပ် ၁၈ ဒသမ ၅ သိန်းကိုသိမ်းဆည်းရမိခဲ့သည်။

 

ထို့ပြင် ယင်းနေ့ ညနေ ၄ နာရီ ၁၅ မိနစ်တွင် ပူးပေါင်းအဖွဲ့သည် ရေးမြို့နယ်၊ အံဒင်ကျေးရွာအုပ်စု၊ ရွာသစ်ဓမင်းဆိပ် ကျေးရွာရှိ စိုးမွန် (ခ) ပလိုင်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀၊ မြန်မာငွေကျပ် ၅ သိန်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်