ရန်ကုန် ဒီဇင်ဘာ ၁၅

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဝန်းထမ်းဟောင်းများတွေ့ဆုံပွဲကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ကျင်းပရာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဝန်းထမ်းဟောင်း နာယကများ၊ ဒုတိယဥက္ကဋ္ဌများ၊ အသင်းသူ အသင်းသားများ၊ အလှူရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ အသင်း ဒုတိယဥက္ကဋ္ဌ (၁) ဒေါ်သန္တာခင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး အသင်း၏ လုပ်ငန်းဆောင်ရွက်မှု Video Clip ကို ပြသသည်။

ထို့နောက် အသင်းနာယက အငြိမ်းစားညွှန်ကြားရေးမှူးချုပ် ဝဏ္ဏကျော်ထင် ဦးခင်မောင်ဋ္ဌေးကဦးခင်မောင်ဋ္ဌေးက နိုင်ငံတော်က ချီးမြှင့်သည့် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ရ ဝန်ထမ်းတစ်ဦးနှင့် အသင်းစတင်ဖွဲ့စည်းစဉ်က ယနေ့အထိ မေတ္တာဖြင့်ပံ့ပိုးကူညီလျက်ရှိသော ဝန်ထမ်းဟောင်းတစ်ဦးတို့ကို ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည်။

ယင်းနောက် အသင်းရန်ပုံငွေအတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်ကိုယ်စား ညွှန်ကြားရေးမှူး (ရန်ကုန်ရုံး) တာဝန်ခံ ဒေါ်လိန်းမောင်ပန် က အလှူငွေကျပ် ၁၀ သိန်းကို ပေးအပ်ရာ  အသင်းနာယက စည်သူ ဒေါ်တင်တင်မြက လက်ခံရယူပြီး အသင်းနာယကများက အသင်းသို့ လစဉ်အလှူငွေများ လှူဒါန်းလျက်ရှိသည့် ဂုဏ်ထူးဆောင်အလှူရှင်နှင့် အလှူရှင်များကို ဂုဏ်ပြုလွှာများ ပေးအပ်ကာ အသင်းပြန်ကြားရေးမှူး ဦးကျော်ရှိန်က ကျေးဇူးတင်စကား ပြောကြားသည်။

အဆိုပါ အသင်းကို ၂၀၁၂ခုနှစ် မတ်လတွင် ဖွဲ့စည်းခဲ့ပြီး ဝန်းထမ်းဟောင်းများ အချင်းချင်း ထိတွေ့ဆုံစည်းမှုရရှိစေရန်၊ နာမကျန်းဖြစ်သည့် ဝန်ထမ်းဟောင်းများအား လူမှုရေး၊ ကျန်းမာရေးဆိုင်ရာ အကူအညီများပေးအပ်ရန်၊ အခြားလူမှုရေးဆိုင်ရာ ပရဟိတ လုပ်ငန်းများ စုပေါင်းဆောင်ရွက်နိုင်ရန်နှင့် မိခင်ဌာနနှင့် အဆက်မပြတ်စေဘဲ ဌာန၏ လှုပ်ရှားမှုများတွင် လိုအပ်သလို ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

သတင်းစဉ်