စစ်တွေ၊ ဒီဇင်ဘာ  ၁၅ 

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် စစ်တွေမြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းသို့ရောက်ရှိရာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်းကောင်း လူငယ်သင်တန်းကျောင်း သင်တန်းကျောင်းအုပ်က သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များကိုလည်းကောင်း ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများ၊ ဆရာ၊ ဆရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် နိုင်ငံတော်မှ အခမဲ့ပညာသင်ကြားရေးနှင့် နေထိုင်စားသောက်ရေးတို့ကို အလေးထား ဆောင်ရွက်ပေးထားသည့်အပေါ် ကျေးဇူးသစ္စာစောင့်သိရိုသေကြရန်၊ ဆရာ၊ ဆရာမများနှင့် နည်းပြများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား အတွေးအခေါ်အသိအမြင်နှင့် ဆင်ခြင်တုံတရား ပြည့်ဝ၍ ဗလငါးတန်နှင့် ပြည့်စုံပြီး နောင်တစ်ချိန်တွင် မိမိနိုင်ငံ၊ မိမိဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၌ နိုင်ငံတော်မှ အားကိုးအားထားပြုရမည့် နိုင်ငံသားကောင်းရတနာများ၊ သမီးကောင်းရတနာများဖြစ်အောင်  လေ့ကျင့်သင်ကြား ပျိုးထောင်သွားကြရန်မှာကြား၍ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကာ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်အားပေးစကားပြောကြားခဲ့ပြီး ကျောင်းဝန်းအတွင်းရှိ စာသင်ဆောင်၊ အိပ်ဆောင်၊ စားရိပ်သာ၊ စာကြည့်တိုက်၊ ကျောင်းသန့်ရှင်း သာယာလှပရေးနှင့် ရာသီသီးနှံ စိုက်ပျိုးထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်