ကန့်ဘလူ ဒီဇင်ဘာ ၁၆

 

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံ သီးနှံများဖြစ်သည့် မတ်ပဲ၊ ပဲတီစိမ်း၊ ထောပတ်ပဲ၊ စွန်တာနီ၊ စွန်တာပြာ၊ ကုလားပဲ၊ ပဲကြီး၊ စားတော်ပဲ၊ ပဲလွမ်းနှင့် အခြားပဲ ၉၇၁၃၇ ဧက စိုက်ပျိုးရန်လျာထားပြီး စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် စတင်စိုက်ပျိုးခဲ့ရာ ယခုအခါ ပဲမျိုးစုံသီးနှံ ၈၉၂၇၂ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ကန့်ဘလူမြို့နယ်တွင် ဆောင်းသီးနှံများဖြစ်သည့် ပဲမျိုးစုံစိုက်ပျိုးပြီးစီးမှုအနေဖြင့် မတ်ပဲ ၃၈၅၄၄ ဧက၊ ပဲတီစိမ်း ၂၂၂၁၄ ဧက၊ ထောပတ်ပဲ ၃၇၉၇ ဧက၊ စွန်တာနီ ၁၃၉၃ ဧက၊ စွန်တာပြာ ၇၂၁၉ ဧက၊ ကုလားပဲ ၂၄၂၉ ဧက၊ ပဲကြီး ၁၇၁ ဧက၊ စားတော်ပဲ ၈၅၇၁ ဧက၊ ပဲလွမ်း ၂၃၉၅ ဧကနှင့် အခြားပဲ ၂၅၉၃ ဧက စုစုပေါင်း ၈၉၂၇၂ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

အောင်ဝင်းငြိမ်း(ကန့်ဘလူ)