ရန်ကုန် ဒီဇင်ဘာ ၁၆
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) စာရေးဝန်ထမ်း ကြီးကြပ်သင်တန်း အမှတ်စဉ်(၉၇) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် အဆိုပါတက္ကသိုလ် ရတနာသိင်္ဃခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပညာဌာနများမှ ပါမောက္ခများ၊ ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြပြီး ပါမောက္ခချုပ်က သင်တန်းဖွင့်အမှာစကား ပြောကြားသည်။
စာရေးဝန်ထမ်း ကြီးကြပ်သင်တန်း အမှတ်စဉ်(၉၇)သို့ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ သင်တန်းသား (၂၈)ဦး၊ သင်တန်းသူ (၆၄)ဦး စုစုပေါင်း (၉၂)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တ(၁၀)ပတ်ကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


