ဒီဇင်ဘာ ၁၆

 

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးတပ်ဖွဲ့၏တိုက်ခိုက်မှုများကြောင့် ယမန်နေ့က ပါလက်စတိုင်း ၄၃ ဦးထက်မနည်းသေဆုံးကြောင်း ပါလက်စတိုင်းသတင်းရင်းမြစ်က ဖော်ပြထားသည်။

 

ဂါဇာမြောက်ပိုင်း Beit Hanoun မြို့ရှိ အရပ်သားများခိုလှုံရာ ကာလီလ်အာဝီဒါစာသင်ကျောင်းကို အစ္စရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ လူ ၄၀ ထက်မနည်းသေဆုံးခဲ့ကြောင်း ဂါဇာအရပ်ဘက်ကာကွယ်ရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သတင်းထောက်များကို ပြောကြားသည်။

 

အစ္စရေးတပ်မတော်၏ဆက်လက်တိုက်ခိုက်မှုများကြောင့် ဂါဇာဒေသတွင်  သေဆုံးသူ ၄၄၉၇၆ ဦး အထိမြင့်တက်လာကြောင်း ဂါဇာအခြေစိုက်ကျန်းမာရေးအာဏာပိုင်များ ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို