မိုးနဲ ဒီဇင်ဘာ ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ဆီထွက်သီးနှံ ဆောင်းနေကြာကို စားသုံးဆီဖူလုံရေးနှင့် မိသားစုအပိုဝင်ငွေ ရရှိရေးတို့အတွက် စီးပွားဖြစ ်စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ နေကြာကို သီးထပ်၊ သီးညှပ်စိုက်ပျိုးကြသည့်အပြင် နေကြာတစ်မျိုးတည်းကိုလည်း စိုက်ပျိုးကြကြောင်း၊ ဆောင်းနေကြာကို စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် ကြဲပက်စိုက်ပျိုးပြီး သက်တမ်းလေးလကြာလျှင် ရိတ်သိမ်းကြကြောင်း သိရသည်။

မိုးနဲမြို့နယ်အနေဖြင့် စိုက်ပျိုးရေးကို အဓိကအားထားပြီး လယ်နှင့်ယာသီးနှံများကို စိုက်ပျိုးကြကြောင်း၊ တောင်သူများသည် ပဲပုပ်၊ မြေပဲတို့နှင့်အတူ ဆောင်းနေကြာကိုလည်း သီးညှပ်အဖြစ် လည်းကောင်း၊ သီးထပ်အဖြစ်လည်း ကောင်းစိုက်ပျိုးကြပြီး မြို့နယ်အတွင်း ဆောင်းနေကြာ ၁၂၂ ဧကကျော် စိုက်ပျိုးထားရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ယခုနှစ်တွင် ဆောင်းနေကြာကို ပိုမိုစိုက်ပျိုးလာကြပြီး မိုးနဲမြို့နယ်အတွင်းရှိ ဝမ်း‌ယေးကျေးရွာ၊ ပန်အူကျေးရွာ၊ နားခံကျေးရွာနှင့် ဆိုက်ဖယ်ကျေးရွာတို့၌ အများဆုံးစိုက်ပျိုးကြပြီး စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကာ မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနအနေဖြင့် နည်းပညာနှင့် သွင်းအးစုများ ပံ့ပိုးကူညီပေးလျက်ရှိကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)