နယူးဒေလီ ဒီဇင်ဘာ ၁၆
အိန္ဒိယနိုင်ငံတောင်ပိုင်း တမီနာဒူးလ်ပြည်နယ်ရှိ ပုဂ္ဂလိကဆေးရုံတစ်ခုတွင် မီးလောင်မှုဖြစ်ပွား ခဲ့သဖြင့် ခုနစ်ဦးသေဆုံးကြောင်း တာဝန်ရှိ သူများက ယနေ့ပြောကြားသည်။
တမီနာဒူးလ်ပြည်နယ် မြို့တော်ချန်နိုင်းအနောက်ဘက် ကီလိုမီတာ ၄၃၀ အကွာ ဒင်ဒီဂယ်ဒေသ ထရစ်ချီလမ်းရှိ အရိုးဆေးရုံ၏ လေးထပ် မြောက် အဆောက်အအုံတွင် ဝိုင်ယာရှော့ခ် ဖြစ်ပွားခဲ့သည်။
မီးလောင်နေစဉ်အတွင်း ဆေးရုံရှိ ဓာတ်လှေကား၌ ပိတ်မိနေသူ ခြောက်ဦးကို ကယ်ဆယ်နိုင်ခဲ့ သည်ဟု တာဝန်ရှိသူများက ပြောကြားသည်။ ၎င်းပိတ်မိနေသူများတွင် အသက်ရှူကျပ်သည့် လက္ခဏာများကို တွေ့ရှိခဲ့ရသော်လည်း ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ကျန်းမာရေးအခြေအနေ ပြန်လည် ကောင်းလာခဲ့သည်။ ယင်းမီးလောင်မှုကို အချိန်အတော်ကြာ ငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့က ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ