ရန်ကုန် ဒီဇင်ဘာ ၁၇
ကျောင်းသား၊ ကျောင်းသူများ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်စေရန်နှင့် မြန်မာ့ရိုးရာ သိုင်းပညာအခြေခံများ တက်မြောက်စေရန် ရည်ရွယ်၍ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်) ၌ မြန်မာ့ရိုးရာ သိုင်းပညာအခြေခံသင်တန်း အမှတ်စဉ် (၄) ဖွင့်ပွဲအခမ်းအနားကို ယမန့်နေ့ ညနေပိုင်းကဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ဒီဂရီကောလိပ် (ရန်ကုန်) မှ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ပါမောက္ခ/ ဌာနမှူးများ၊ သင်တန်းနည်းပြများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး ကျောင်းအုပ်ကြီးက အဖွင့်အမှာစကားပြောကြားသည်။
အဆိုပါ မြန်မာ့ရိုးရာသိုင်းပညာ အခြေခံသင်တန်းအမှတ်စဉ် (၄)ကို ရက်သတ္တပတ် ၅ ပတ် ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


