ဘာလင် ဒီဇင်ဘာ ၁၇

 

ဂျာမနီနိုင်ငံ၌ မျောက်ကျောက်ရောဂါမျိုးစိတ်သစ် Clade Ib ကူးစက်ခံရသူလေးဦးကို တွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူများက ဒီဇင်ဘာ ၁၆ ရက်တွင် ပြောကြားသည်။

 

၎င်းတို့အနက်မှ ကူးစက်ခံရသူနှစ်ဦးမှာ ကျောင်းနေအရွယ်ကလေးများဖြစ်သည်။ ပထမဆုံး ရောဂါကူးစက်ခံရသူသည် အာဖရိကဒေသသို့ မိသားစုလိုက်ခရီးထွက်ရာမှ အပြန်တွင် ကူးစက်ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် မိသားစုဝင်သုံးဦးကို ထပ်မံကူးစက်ခဲ့ရာမှ လက်ရှိအချိန်တွင် ၎င်းမိသားစုအား သီးခြားခွဲ၍ စောင့်ကြည့်မှု ဆောင်ရွက်နေရသည်။

 

မျောက်ကျောက်ရောဂါကူးစက်ခံရသည့် ကလေးများ တက်ရောက်သင်ကြားနေသည့်ကျောင်းအား လက်ရှိအချိန်တွင်ပိတ်ထားပြီး အွန်လိုင်းမှ သင်ကြားရန်ဆောင်ရွက်နေသည်။ ဂျာမနီနိုင်ငံတွင် မျောက်ကျောက်ရောဂါမျိုးစိတ်သစ် Clade Ib ကူးစက်မှုကို အောက်တိုဘာလအတွင်းက တွေ့ရှိခဲ့သော်လည်း လက်ရှိအချိန်အထိ မျောက်ကျောက်ရောဂါကြောင့် သေဆုံးသူမရှိကြောင်း သိရသည်။ ရောဂါလက္ခဏာများအဖြစ် ကိုယ်အပူချိန်မြင့်တက်ခြင်း၊ ပြွန်ရေကျိတ်များ ရောင်ရမ်းခြင်း ကိုယ်ခန္ဓာတွင် အဖုအကျိတ်များ ထွက်ခြင်းတို့ ခံစားရသည်။

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန်- စိုးသူရ