နေပြည်တော် ဒီဇင်ဘာ ၁

 

ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန သူနာပြုတက္ကသိုလ်(ရန်ကုန်)နှင့် ကိုရီးယားသမ္မတနိုင်ငံရှိ Gyeongbuk College of Health (GCH) တို့အကြား ပညာရပ်ဆိုင်ရာ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန်အတွက် ငါးနှစ်သက်တမ်းရှိ နားလည်မှုစာချွန်လွှာ (Memorandum of Understanding) လက်မှတ်ရေးထိုးပွဲကို ယမန်နေ့က နေပြည်တော်ရှိ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန၌ ကျင်းပခဲ့သည်။

 

အဆိုပါလက်မှတ်ရေးထိုးပွဲတွင် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာတင်ထွန်း တက်ရောက်အမှာစကားပြောကြားခဲ့ပြီး သူနာပြုတက္ကသိုလ်(ရန်ကုန်)မှ ပါမောက္ခချုပ် ပါမောက္ခဒေါက်တာတင်တင်ကျော်နှင့် Gyeongbuk College of Health (GCH) ၏ President ဖြစ်သူ Mr. Lee Eun Gik တို့က လက်မှတ်ရေးထိုးခဲ့ကြသည်။

 

နားလည်မှုစာချွန်လွှာအရ တက္ကသိုလ်နှစ်ခုမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ အပြန်အလှန်စေလွှတ်ခြင်း၊ သင်ကြားရေး၊ သူနာပြုအတတ်ပညာနှင့် ယဉ်ကျေးမှုဆိုင်ရာ ဗဟုသုတများဖလှယ်ခြင်း၊ ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲများ၊ ဘာသာရပ်ဆိုင်ရာပို့ချမှုများနှင့် သုတေသနဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းတို့ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်