ဒီဇင်ဘာ ၁၈
ဖိလစ်ပိုင်နိုင်ငံတွင် ကျန်းမာရေးဌာနက ယခုနှစ်အတွင်း မျောက်ကျောက်ရောဂါဖြစ်ပွားသူ ၅၂ ဦး စစ်ဆေးတွေ့ရှိကြောင်း ကျန်းမာရေးဌာနတာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါရောဂါဖြစ်ပွားမှုမှ တစ်ဦးသာလျှင် သေဆုံးမှုရှိသည်ဟု ၎င်းကဆိုသည်။ ထိုရောဂါဖြစ်ပွားသူ ၅၂ ဦးအနက် ၄၇ ဦးသည် အမျိုးသားဖြစ်ပြီး ငါးဦးသည် အမျိုးသမီးဖြစ်သည်ဟု သိရသည်။
ယင်းရောဂါဖြစ်ပွားသူများသည် အသက်အားဖြင့် ခြောက်လသားမှ ၆၆ နှစ်အရွယ်ရှိသူများဖြစ်ကြောင်း ဖော်ပြထားသည်။ မျောက်ကျောက်ရောဂါဖြစ်ပွားသူ ၅၂ စလုံးမှာ ရောဂါရှိသူနှင့်ထိတွေ့ဆက်ဆံမှုမရှိသူများဖြစ်သည်ဟု ၎င်းကဆိုသည်။
အာဖရိကတွင် မျောက်ကျောက်ရောဂါဖြစ်ပွားမှုမြင့်မားလာသဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မျောက်ကျောက် ရောဂါဖြစ်ပွားခြင်းကို ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ဩဂုတ်လ ၁၄ ရက်က ကြေညာခဲ့သည်။
ကိုးကား-မြင့်မြင့်ချို
ဘာသာပြန်-မြင့်မြင့်ချို